မြို့လေးတစ်မြို့မှာ မေရီဘလက်ဝုဒ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရှိပါတယ်သူမရဲ့ ခင်ပွန်းဟာ အခြားသူနဲ့ နောက်ကွယ်မှာ ဖောက်ပြားနေတာကိုသိသွားပြီးတဲ့နောက်မှာ သူမရဲ့ခင်ပွန်းက သူ့အပြစ်ကို ဖုံးကွယ်ချင်တာနဲ့သူမကို စုန်းမပါဆိုပြီး စွပ်စွဲပြောဆိုပြီး အခြားသူများကိုပါအယုံသွင်းခဲ့တယ်ကြောက်လန့်တကြားဖြစ်လာတဲ့ မြို့သူမြို့သားတွေဟာ မေရီကို သစ်ပင်ကြီးတစ်ပင်မှာ ချိတ်ဆွဲချည်နှောင်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြတယ်။ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဒီမြို့လေးမှာပဲဆာရာဆိုတဲ့မိန်းကလေးငယ်လေးဟာ ယောကျ်ားတစ်စုကနေ သူ့ကို အညှိုးနဲ့ အကြမ်းဖက်ရိုက်နှက်ပြီး လမ်းဘေးမှာထားပစ်ခဲ့တာကို ခံခဲ့ရပါတယ်။ ဒီလူတွေကိုဒေါသစိတ်နဲ့ လက်စားချေဖို့ ထူးဆန်းတဲ့ဆိုင်တစ်ဆိုင်မှာ ဝိညာဉ်ခေါ်ဘုတ်သုံးပြီးတိုင်တည်လိုက်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဟောလိုးဝင်း ရာသီအချိန်ဆိုတော့ရာသီအမီ ထွက်လာတဲ့ စုန်းကားအသစ်လေးပါ။