A Deadly Invitation FHD

A Deadly Invitation

Comedy Mystery FHD 2023-10-06 5.854 93 Min

Glass Onion တို့ Murder Mystery တို့လိုမျိုး ဖိတ်ကြားမှုတစ်ခုကိုခံရပြီးအဲ့ဒီကိုသွားတဲ့အခါမှာ လူသတ်မှုတွေနဲ့ကြုံတွေ့ရပြီး အမှုအခင်းတွေဖြေရှင်းရတဲ့မှုခင်းစုံထောက်ဇာတ်ကားတွေကို အနည်းနဲ့အများတော့ကြည့်ဖူးကြမှာပါ။အခုလည်း အဲ့လိုဇာတ်ကားမျိုးနောက်တစ်ကားဖြစ်တဲ့A Deadly Invitation ဆိုတဲ့စပိန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ ထွေထွေထူးထူးပြောစရာမလိုဘဲ မဖြေရှင်းရသေးတဲ့ပြစ်မှုတွေကို အသံလွှင့်တင်ဆက်နေတဲ့အဂါသာဆိုတဲ့ကောင်မလေးတစ်ယောက်ကိုမိတ်ဆက်ထားတာနဲ့ စတင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။တစ်နေ့မှာတော့သူ့ဆီကို ဖိတ်စာတစ်ခုရောက်လာခဲ့ပြီး သူ့ကိုဖိတ်ကြားတဲ့လူကတော့တခြားသူမဟုတ်ဘဲသူနဲ့မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့အစ်မဖြစ်သူအိုလီဗီယာပဲဖြစ်ပါတယ်။ ဒီလိုနဲ့သူ့အစ်မဆီရောက်သွားပြီး သိပ်မကြာခင်မှာပဲ အိုလီဗီယာကထူးထူးဆန်းဆန်းတွေပြောပါတော့တယ်အဲ့ဒီညမှာ အိုလီဗီယာသေဆုံးသွားခဲ့ပြီး ကျန်ခဲ့တဲ့ဖိတ်ကြားခံခဲ့ရတဲ့လူတွေလည်း ဒီအမှုကိုဖြေရှင်းလို့မပြီးမချင် းဘယ်မှမသွားရဘဲ ပိတ်မိနေပါတော့တယ်။ဒီလိုနဲ့ ကျန်ရစ်ခဲ့တဲ့ညီမဖြစ်သူအဂါသာကသူ့အစ်မပြောပြခဲ့တဲ့ သဲလွန်စတွေကိုအသုံးချပြီး သူ့အစ်မဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာကို လိုက်လံစုံစမ်းတာကိုကြည့်ရမဲ့စုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။