အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီးသမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေအမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကိုပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းကဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် သွားရောက် ပူဇော်ရမယ်ဆိုတဲ့ဂုရုကြီးရဲ့ပြောကြားချက်ကြောင့်နဲ့ ဒီမိသားစုဟာ ဘိုးဘေးတွေကိုးကွယ်တဲ့ ဘုရားကျောင်းရှိရာမြို့လေးဆီကို လာရဖို့ ဖြစ်လာတဲ့အခါမှာသူတို့ တစ်မိသားစုလုံး နေထိုင်နိုင်ဖို့အတွက် ဘုရားကျောင်းနဲ့လည်း နီးတဲ့စံအိမ်ကြီးတစ်ခုကိုငှားလိုက်ရာကနေ အဲဒီစံအိမ်ကြီးထဲကို သူတို့တွေ ရောက်လို့လာခဲ့ကြတဲ့နောက်ပိုင်းမှာတော့ ……..စံအိမ်ကြီးထဲမှာ ဘယ်လို ဆန်းကြယ်မှုတွေ ရှိနေမလဲ….သူတို့မိသားစုနဲ့ စံအိမ်ကြီးကရော ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲ….၄၈ရက်ကြာ ပူဇော်ပြီးတဲ့ နောက်မှာရော သူတို့မိသားစုတွေရဲ့ ဆိုးနေတဲ့ကံတွေပြန်ကောင်းလာနိုင်မလား ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ အထိတ်တလန့် ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်