ဇာတ်လမ်းအကျဥ်းလေးက Costinestiကမ်းခြေမြို့လေးမှာနေတဲ့ ရိုမီနာကို သူ့ချစ်သူအဆိုတော်ပေါက်စဂျီနိုက အောင်မြင်မှုနဲ့ငွေနောက်လိုက်ရင်း ဖောက်ပြန်သွားတယ်။ ရိုမီနာတို့က ကမ်းခြေကအပန်းဖြေကွင်းလိုနေရာမျိုးမှာပဲကြီးလာတာဆိုတော့ မိသားစုက စားသောက်ဆိုင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတာပေါ့..ဒါပေမဲ့ကမ်းခြေက စားသောက်ဆိုင်တွေမှာ အဆိုတော်ကောင်းကောင်းရှိဖို့ကလည်း အရေးကြီးနေတော့ ဂျီနိုဖောက်ပြန်သွားတဲ့အခါမှာရိုမီနာအတွက်အဆိုတော်ရဖို့အခက်အခဲကြုံရတာပေါ့..ဂျီနိုအောင်မြင်ခဲ့တာက ရိုမီနာရေးပေးတဲ့သီချင်းတွေကြောင့်ဖြစ်ပြီး ဂျီနိုရဲ့အရည်အချင်းက မပါသလောက်ပါပဲ ဒီတော့ ရိုမီနာဘာဆက်လုပ်မလဲရိုမီနာရဲ့အချစ်သစ်နဲ့ရောပျော်ရွှင်နိုင်မလား နောက်ဆုံးမှာအခက်အခဲတွေအားလုံးကိုကျော်ဖြတ်နိုင်မလားဆိုတာကြည့်ရမယ့် ရိုမန့်စ်ဟာသဇာတ်ကားအမျိုးအစားလေးတစ်ကားပဲဖြစ်ပါတယ်…..