ဒါကတော့ မိန်းမတစ်ယောက်ရဲ့ ဆိုးရွားလှတဲ့ ကံကြမ္မာနဲ့ ခက်ခက်ခဲခဲတိုက်ခိုက်ရတဲ့ဝမ်းနည်းစရာ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကယွဲ့ယာမြို့ကိုပြောင်းလာခဲ့တဲ့ ထျန်းယာအရက်ဆိုင်က သူဌေးမ ချိုးညန်ဟာဉာဏ်ကောင်းပြီး တော်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်။သူမမှာ အပေါ်ယံမှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ထားပေမယ့်ချိုးညန်အတွက်တော့ စိတ်ထဲမှာ စိုးရိမ်နေရပါတယ်။ တစ်ဖက်က ချိုးညန်တစ်ယောက်ကလေးမရနိုင်ခြင်း နောက်တစ်ဖက်မှာတော့ ယောကျာ်းဖြစ်သူဖန်းယိုသယ်ဟာ အရင်ဇနီး လျိုဖူရုန်အနားကို ပြန်သွားမှာ စိုးရိမ်နေရပါတယ်။ဒီရခဲလှတဲ့ မိသားစုဘဝကို ထိန်းသိမ်းဖို့ သာမန်မိန်းမတစ်ယောက်လိုမျိုါ်ငြိမ်းချမ်းသာယာတဲ့ ဘဝမျိုးမှာ နေထိုင်ရဖို့ ချိုးညန်ဟာနည်းလမ်းပေါင်းစုံကို သုံးခဲ့ပြီး ထိုအတွက် လူသတ်ဖို့လည်း ဝန်မလေးခဲ့ပါဘူး။သို့သော် ကံကြမ္မာရဲ့ စီမံမှုကြောင့် အဝေးကနေ ယောကျာ်းကိုလာရှာတဲ့ဖူရုန်ဟာ အရက်ဆိုင်ကို ရောက်လာတဲ့အခါမှာတော့ ……..ဒီရုပ်ရှင်ထဲမှာတော့ သားကိုအလေးပေးပြီး သမီးကို တန်ဖိုးမထားတဲ့တရုတ်နိုင်ငံရဲ့ရှေးခေတ်အချိန်က အမျိုးသမီးတွေရဲ့ ဘဝကြမ်းတမ်းခက်ခဲမှုတွေကိုချိုးညန်ရဲ့ဘဝအတွေ့အကြုံတွေ အဖြစ်နဲ့သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။