မကြာသေးခင်ကထွက်ရှိထားတဲ့ ထိတ်လှန့်သည်းဖိုအမျိုးအစားဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒစ်ရှာဟာ ၈ နှစ်ကြာပြီးမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ကံခေသူလေးပါ။သူ့မှာ ငယ်စဉ်ကလေးဘဝထဲက အချစ်ကြီးချစ်ခဲ့ရတဲ့ ယူဗန်ဆိုတဲ့မိဘမဲ့ဂေဟာကကောင်လေးလည်းရှိပါတယ်။ဒါပေမဲ့ ၈ နှစ်အကြာမှာ မိဘရင်းတွေကလာပြန်ခေါ်တာခံလိုက်ရတဲ့ ဒစ်ရှာဟာယူဗန်ကိုမေ့သွားခဲ့ပါတယ်။ အနှစ်နှစ်အလလစောင့်ခဲ့ရတဲ့ယူဗန်အတွက်သူပထမဆုံးပြန်ကြားရတဲ့ ဒစ်ရှာရဲ့သတင်းဟာ မင်္ဂလာဆောင်တော့မယ့်သတင်းပါ။ဒါပေမဲ့ ယူဗန်ကိုလာတွေ့တဲ့လမ်းမှာ ဒစ်ရှာတို့ တစ်မိသားစုလုံးကားမှောက်ပြီး မိဘတွေလည်း ပွဲချင်းပြီးဆုံးပါးကိုယ်တိုင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရတဲ့ဒစ်ရှာတစ်ယောက် စကားမပြောနိုင်ဖြစ်ပြီး မှတ်ဉာဏ်ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ပဲ ယူဗန်နဲ့ပဲ အကြောင်းပါခဲ့ပြီး အဖွားဖြစ်သူအမွေပေးခဲ့တဲ့အိမ်ကြီးဆီကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။အိမ်ကြီးဆီကပဲလား အတိတ်ကအရိပ်တွေကပဲလိုက်လာလေသလားမသိအမျိုးသမီးလေးဆီမှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့။ဖြစ်ပျက်တဲ့အရာတွေကရော ခင်ပွန်းဖြစ်သူနဲ့ရော ဘယ်လိုတွေပတ်သက်နေလဲဆိုတာရင်ဖိုဖိုနဲ့ ကြည့်ရှုကြပါဦးရှင့်။