ဒီအပိုင်းမှာတော့ ယွဲ့ယာမြို့ဟောင်းမှာရှိတဲ့မာတာ့လုဟာတစ်နေ့မှာ စာပို့စရာရှိတာကြောင့်မုံ့မြို့ဆီကို ရက်အတော်ကြာသွားဖို့ကိစ္စဖန်လာခဲ့ပါတယ်။ဒါပေမဲ့မုံ့မြို့ရဲ့ ထုံတမ်းစဉ်လာအရသရဲမင်္ဂလာပွဲဆိုတဲ့ ဓလေ့ထုံတမ်းစဉ်လာတစ်ခုရှိခဲ့တယ်။အဲ့ဒါကတော့ အိမ်ထောင်မကျသေးတဲ့မိန်းမပျိုလေးတွေ ဆုံးပါးသွားတဲ့အခါသက်ရှိထင်ရှားရှိနေတဲ့ယောကျ်ားတစ်ယောက်ကိုသေဆုံးသွားတဲ့မိန်းမပျိုလေးနဲ့လက်ထပ်ခိုင်းပြီးအဲ့မိန်းမပျိုရဲ့ကမ္ပတည်းတိုင်ကိုအိမ်ဆီခေါ်သွားခိုင်းတာပေါ့။ဒီလိုနဲ့မာတာ့လုတစ်ယောက်အမှတ်မထင်ဒီကိစ္စထဲပါဝင်ပတ်သက်လာမိတယ်။ဒါတင်မကပဲ မုံ့မြို့ညဘက်ရောက်တိုင်းသစ်ပင်တစ်ပင်အောက်မှာဗြက်စောင်းထိုင်တီးတတ်တဲ့ရူးကြောင်ကြောင် အမျိုးသမီးတစ်ယောက်ရှိတယ်တဲ့။သူက ညရောက်တိုင်းအိမ်ထောင်မကျသေးတဲ့လုလင်ပျိုတွေကို မြှားခေါ်လေ့ရှိတယ်။သူ့နာမည်ကတော့ယွိလင်းလုံခေါ်တာပေါ့။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အရင်တုန်းကသူအရမ်းချစ်ရတဲ့ ဝမ်းကွဲအစ်ကိုကြောင့်ပဲ။ဒီလိုနဲ့ မာတာ့လုနဲ့အမှတ်မထင်တွေ့ကြရာကနေဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ဘာကြောင့်များဒီယွိလင်းလုံမိန်းကလေးက ဒီလိုတွေလုပ်နေရတာလဲ။မာတာ့လုကကောဒီပြဿနာကိုဖြေရှင်းနိုင်ပါ့မလားစတဲ့စိတ်ဝင်စားစရာတွေတွေအပြင် အချစ်ကိုဘုရားလိုကိုးကွယ်တဲ့ယွိလင်းလုံရဲ့သနားစရာဇာတ်လမ်းလေးကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်