The Whisperer in Darkness HD

The Whisperer in Darkness

Horror Thriller Mystery Science Fiction HD 2011-03-12 6.375 104 Min

ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာH.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့်Scientific horror ကြိုက်သူတွေ သဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီးဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကိုခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေရောက်နေပြီဆိုတဲ့ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့်ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ။ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ဂြိုလ်သားတွေတကယ်ရှိသလား။ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကိုအဲလ်ဘတ်တစ်ယောက်အဖြေရှာတွေ့နိုင်မလားဆိုတာတကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။