ကျွန်တော်တို့ အိန္ဒိယရုပ်ရှင်လောက က romantic comedy အများစုမှာ ဇာတ်သိမ်းဆို မင်းသမီးကမင်္ဂလာဆောင်၊ မင်းသားက လက်ထပ်ပွဲကိုလာပြီး ပွဲဖျက်၊ မင်းသမီးရဲ့ မိဘတွေကို တရားချ၊ အားလုံးကကြွေဆင်းပြီး သတို့သမီးကို လွှတ်ပေး၊ မင်းသားနဲ့ မင်းသမီးနဲ့ ဆည်းဆာချိန်ကိုအတူတူလက်တွဲပြီး ပြေးသွား၊ ပိတ်ကားချ၊ ပြီးပါပြီဒါတွေနဲ့ပဲ သံသရာလည်နေတာပါဘယ်သူကမှ မင်းသမီးနဲ့ လက်ထပ်မယ့် သတို့သားက ဘယ်ပုံ ဘယ်ချမ်းသာ သူရဲ့ အိမ်မက် ရည်မှန်းချက်တွေ ခံစားချက်တွေ အသာထားမင်္ဂလာဆောင်ခမ်းခမ်းနားနားကြီးဖြစ်အောင် ဘယ်လို အကုန်အကျခံပြီး ပြင်ဆင်ထားလဲ ဆိုတာတောင် ဂရုစိုက်ကြမှာ မဟုတ်ပါဘူးဇာတ်လိုက် PK ဆိုတဲ့ ပရမ်ကူမာ ကတော့ အဲဒီသတို့သားဖြစ်ပါတယ် သူ့ရဲ့ကံဆိုးလှတဲ့ ရယ်ရခက် ငိုရခက် ဘဝဇာတ်ကြောင်းပါအိမ်ထောင်ရေးကံမကောင်းတဲ့သူလို့ ပြောရအောင်လည်း ပီကေ က လက်ထပ်တဲ့နေ့မှာပဲ သတို့သားဘဝ ကနေ မတက်ပဲဖော်အဲဗား groom ဖြစ်နေပြီး မိန်းမလိုချင်တဲ့ အိပ်မက်က အပြီးမသတ်ပဲဖြစ်နေသူပါ…လူစင်စစ်ကနေ ဂျိုပေါက်ချင်နေတဲ့ သူဖြစ်ပါတယ် အဲဒီကနေ ဘယ်သို့ဘယ်ပုံပီကေတစ်ယောက် လက်ထပ်ပွဲပါရဂူတစ်ယောက်ဖြစ်လာလဲ ဆိုတာဆက်ကြည့်ရင်း ပရိသတ်ကြီး တစ်နေ့တာ အမောဖြေနိုင်ကြပါစေ