Sloth ကောင်လေးတွေ, Winnie The Pooh တို့ လူတွေသတ်နေတဲ့ခေတ်ကြီးမှာ အားကျမခံ နာမည်ကြီး ဇာတ်ကောင်တစ်ကောင်လည်းလူသတ်ပါပြီ။ အဲဇာတ်ကောင်ကတော့ Dr. Seuss ရေးသားတဲ့ Howthe Grinch Stole Christmas စာအုပ်ထဲက ဇာတ်ကောင်ကြီး Grinchပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားအမျိုးအစားကတော့ Christmas Horror/Parody ပါ။အလွယ်ပြောရရင် Low budget နဲ့ ရှိပြီးသား ဇာတ်ကောင်ကို ဖျက်ဆီးထားတယ်ပေါ့ဗျာ။ ကျွန်တော့်အမြင် ပြောရရင်တော့ Winnie the Pooh:Blood and Honey ဇာတ်ကားလောက်တော့ မဆိုးဘူးပြောရမှာပဲ။Costume ပိုင်းလည်း ပိုပီပြင်တယ်၊ ဇာတ်လမ်းပိုင်းလည်း အဆင်ပြေတယ်တော့ ဆိုရပါမယ်။ခရစ္စမတ်ကာလ ညအချိန်မှာ စင်ဒီဟာ ဆန်တာကလော့စ် မဟုတ်ဘဲဂရင့်ချ်နဲ့ တွေ့လိုက်ရပါတယ်။ အဲဒါကို စင်ဒီ့အမေက မြင်သွားပြီး ကြောက်အားလန့်အားနဲ့ စင်ဒီ့ကို ကာကွယ်ပေးဖို့ လုပ်ပါတယ်။ အဲလိုလုပ်ရင်းစင်ဒီ့အမေလည်း သေသွားပါတယ်။ စင်ဒီလည်း နယူးဗေးလ်မြို့လေးကထွက်ခွာသွားခဲ့ပြီး ၁၀ နှစ်ကျော် ကြာပြီးတဲ့နောက်မှ အဖေဖြစ်သူနဲ့ မြို့လေးကို ပြန်လာပါတယ်။ မြို့လေးမှာ ခရစ္စမတ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေမရောငျးခသြလို၊ ခရစ်စမတျပှဲတောျကိုလညျး ဆငျနှှဲခွငျးမပွုကွပါဘူး။ ခရစ်မတ်ကို မုန်းတီးတဲ့ ဂရင့်ချ် တစ်ယောက် မြို့ငယ်လေးကို ကြောက်လန့်အောင်ဘယ်လိုလုပ်ထားတယ်ဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ပါ။