“အရာဝတ္ထုလေးတွေ တစ်စုံတစ်ခု လောင်ကျွမ်းသွားတဲ့အခါ..ဒီ ဒြပ်မှုန်လေးတွေဟာ လေထုလွှာထဲကို လွှင့်ပါသွားပြီးတော့ထာဝရ တည်ရှိနေနိုင်တယ်” – ဆစ်ဒ်ဇာတ်ကားနာမည် Kindling ဆိုတာ မြန်မာလိုဆို မီးစာတဲ့…ကျွန်တော်တို့ဘဝတွေမှာ ဆက်လက်ပြီး တောက်လောင်နေဖို့အတွက် လိုအပ်တဲ့ မီးစာလေးတွေလို့ မြင်မိတယ်။ လက်ရှိဘဝမှာချစ်ခင်မြတ်နိုးရတဲ့လူတွေကို သူတို့ ကိုယ့်အနားက ထွက်ခွာမသွားခင် ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ၊ ဘာတွေတူတူ ဖြတ်သန်းပြီးပြီလဲ၊ဘယ်လို တန်ဖိုးထားခဲ့သလဲ မမေ့လိုက်ဖို့ အရေးကြီးတယ် မဟုတ်ပါလား။ဆစ်ဒ် – မကြာခင် ရက်ပိုင်းအတွက် သေဆုံးရတော့မယ့် ကောင်လေးတစ်ယောက်ဒစ်ဂ် – ဆစ်ဒ်တို့ အိမ်မှာ လာနေပြီး အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ ငယ်သူငယ်ချင်းဝူဖီ – ပေါက်ကရလုပ် အစအနောက်သန်ပြီး ခေါင်းဆောင်လုပ်ချင်သူပလော့ဒ် – အရှက်အကြောက်ကြီးသူ အများဝိုင်းစတာကို အမြဲခံရသူဒရစ်ဘယ် – သဘောမနောကောင်း ကောင်မလေးဆို စကားမပြောရဲတဲ့သူဒီလို သူစိမ်း ၅ ယောက်ကနေ ညီအစ်ကို ၅ ယောက်လို ဖြစ်လာကြတဲ့သူငယ်ချင်းတစ်စုဟာ သူတို့ ၅ ယောက်အတွက် နောက်ဆုံးသော နွေရာသီကိုအတူကုန်ဆုံးဖို့ ဖြစ်လာတယ်။ ဒါဆို တစ်သက်လုံး အမှတ်တရ ကျန်ခဲ့အောင်ဘာလုပ်ကြမလဲဆိုတော့ ဆစ်ဒ်က ဒီ ညီအစ်ကို ၅ ယောက်လိုပဲ သူ့အတွက်ဘဝမှာ တန်ဖိုးရှိတဲ့ စကားလုံး ၅ လုံး ဖြစ်တဲ့ “ချစ်ခြင်း မေတ္တာ” “မိသားစု”“သူငယ်ချင်း” “အိမ်” နဲ့ “တည်နေရာ” ဆိုတာနဲ့ တူယှဉ်တွဲပြီး ဆက်နွယ်မှုရှိတဲ့ပစ္စည်းလေးတစ်ခုစီကို တစ်ယောက်ချင်းစီက ရှာဖွေပြီး နောက် ၄ ရက်နေရင်မီးပုံပွဲကြီးလုပ်ပြီး မီးစာအဖြစ် ထာဝရတည်မြဲနေအောင် မီးရှို့ပစ်ကြမယ်ပေါ့လေ… ဒီလိုနဲ့ပဲ……။ညီအစ်ကိုလို ဖြစ်နေကြတဲ့ သူငယ်ချင်း ၅ ယောက်ရဲ့ သံယောဇဉ်တွေ မိဘနှစ်ပါးရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေကို လှပတဲ့ သံစဉ်တေးသီချင်းတွေနဲ့ ဖော်ကျူးပြီး နောက်ဆုံးပိတ်အချိန်လေးမှာ ကျွန်တော့်ကို မျက်ရည်ကောင်းကောင်းချူသွားခဲ့တဲ့ ဒရမ်မာကားကောင်းလေး တစ်ကားလို့ပဲ ပြောလိုက်ချင်ပါတယ်ဗျာ။