ပစ္စည်းတွေကို အပေးအယူလုပ်ပြီး လူတွေအတွက် စိတ်ညစ်စရာတွေကိုကူညီပေးနေတဲ့ သိုင်းလောကလူဆန်းကြီး စုန့်ဖေးချန်ဟာ သူ့ရဲ့ ရှန်းရှီကယ်ထဲမှာလူတွေ မျှော်လင့်ချက်ကို ဖြည့်ဆည်းဖို့အတွက် လဲလှယ်ခဲ့တဲ့မျက်လုံး၊ လက်၊ လက်မောင်းနှင့် ဝိညာဉ်တွေကို သိမ်းဆည်းထားပါတယ်။မာတာ့လုဟာ ဟူညိုရုတ်တရက်ပျောက်သွားပြီးနောက် ရှန်းရှီကယ်ကိုအကူအညီတောင်းရန် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့မတွေ့ရတာ ကြာပြီဖြစ်တဲ့ချူအာနဲ့ တွေ့ခဲ့ပါတယ်။ တာ့လုနဲ့ ချူအာဟာ မေတ္တာရှိနေပေမဲ့လဲချူအာနဲ့ ဟူညိုတို့နှစ်ယောက်မှ တစ်ယောက်ပဲ အသက်ရှင်ရမယ်ဆိုတာ သိလိုက်ရပါတယ်။စုန့်ဖေးချန်ဟာ ချူအာတို့ ညီအစ်မရဲ့ အသက်ကို ကယ်တင်ချင်လျှင်တာ့လုကို နင်ဝမ်အိမ်တော်မှာ မင်းသမီးကို သွားဖမ်းရန် တောင်းဆိုခဲ့ပါတယ်။တာ့လုကလည်း ရွေးချယ်စရာမရှိသဖြင့် သဘောတူခဲ့ပါတယ်။သဘောကောင်းတဲ့ မင်းသမီးကလည်း တာ့လုနဲ့အတူ စုန့်ဖေးချန်ကို တွေ့ရန် သဘောတူခဲ့ပါတယ်။စုန့်ဖေးချန်မှာ တခြားအစီအစဉ်တစ်ခု ရှိနေပါတယ်။သူလုပ်သမျှအရာအားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က အမှားကိုပြန်ပြင်ဖို့ပဲဖြစ်ပါတယ် လွန်ခဲ့တဲ့ နှစ် ၃၀ က ဘယ်လိုအမှားတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။