Horror ကားချစ်သူတွေအတွက် Dear David ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒေးဗစ်ဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်မှာအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating က 4ပဲရှိပေမဲ့ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဒေးဗစ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာငယ်ငယ်လေးကတည်းက ကွန်ပြူတာတစ်လုံးနဲ့လိုင်းပေါ်မှာအချိန်ကုန်နေတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကွန်ပြူတာအရမ်းသုံးလွန်းလို့သူ့မိဘတွေကပါသူ့အတွက် စိတ်ပူနေရပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့အဲ့ဒီကိစ္စနဲ့ပဲသူတို့မိသားစုမှာအဖြစ်ဆိုးတွေဖြစ်သွားပြီး နှစ်ပေါင်းများစွာကြာတဲ့နောက်မှာတော့ အက်ဒမ်ဆိုတဲ့လိုင်းပေါ်မှာသတင်းတွေ အကြောင်းအရာတွေတင်တဲ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့လူတစ်ယောက်ရဲ့အကောင့်ကို Dear David ဆိုတဲ့နာမည်နဲ့လာAdd ခဲ့ပါတယ်။သူ့ကိုမေးချင်တာမေးလို့ရပြီး မေးခွန်းနှစ်ခုထက်ပိုပြီး သုံးခုမမေးဖို့ပြောခဲ့ပါတယ်အဲ့ဒီနောက်ပိုင်း အက်ဒမ်ရဲ့ဘဝပြောင်းလဲသွားပြီးသရဲခြောက်တာတွေခံလာရပါတယ်။စိတ်တွေလည်း ကယောင်ခြောက်ခြားဖြစ်လာခဲ့ပြီး အလုပ်တွေပါပျက်လာပါတော့တယ်။အဲ့ဒီ Dear Davidဆိုတဲ့အကောင့်ကတကယ်တမ်းဘယ်သူလဲမေးခွန်းသုံးခုမေးရင်ကောဘာတွေဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။