I Killed Bapu FHD

I Killed Bapu

Drama History FHD 2023-09-29 8.3 81 Min

နိဂုံးမလှတဲ့ မဟတ္တမဂန္ဓီ..။တစ်နိုင်ငံလုံးက ချစ်ခင်လေးစားရတဲ့ အိန္ဒိယရဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ၊ အသက် ၇၈ နှစ်အရွယ်မှာ ဟိန္ဒူလူမျိုး နာသူရမ် ဗီနာရက် ဂိုဆေးရဲ့ အနီးကပ်ပစ်ခတ်မှုနဲ့သေဆုံးခဲ့ရပါတယ်။ဟိန္ဒူလူမျိုးချင်းဖြစ်ပြီး ဘုရားတစ်ဆူလိုကိုးကွယ်ခံရတဲ့ ခေါင်းဆောင်ကြီး ဂန္ဓီလိုလူမျိုးကို လုပ်ကြံရခြင်းအကြောင်းဟာ ထင်ထားတာထက်ကို ရိုးရှင်းပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းလှပါတယ်။ပြည်ထောင်စုအိန္ဒိယနိုင်ငံကြီး တစ်စစီပြိုကွဲလာဝာာကို မကြည့်ရက်နိုင်တော့တဲ့ နိုင်ငံချစ်စိတ်နဲ့ ကိုယ့်လူမျိုးကို နှိမ့်ချတယ်ဆိုတဲ့ လူမျိုးကြီးဝါဒရဲ့ရိုက်ခက်မှုပါ ရောပြွန်းနေတဲ့ မီးစတစ်ဖက်ရေမုတ်တစ်ဖက်သော ကြံစည်မှုလို့ခေါင်းစဉ်တပ်ရမှာပါပဲ။ဒီဇာတ်ကားမှာတော့ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သမိုင်းမှာ နာမည်အကြီးဆုံးလုပ်ကြံရေးသမားနာသူရမ့်ရဲ့ အတွေးအမြင်နဲ့ လုပ်ကြံရခြင်းအကြောင်းအရင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂန္ဓီသေဆုံးပြီးနောက်တရားခွင်တင်ခံလိုက်ရတဲ့ နာသူရမ်ဟာ တစ်နိုင်ငံလုံးက မုန်းတီးရွံရှာကြတာမို့ သူ့ဘက်ကနေလိုက်ပေးမယ့်ရှေ့နေတောင်မရှိတာမို့ ကိုယ်တိုင်ပဲ အမှုကိုခုခံလျှောက်လဲခဲ့ရပါတယ်။ဂန္ဓီကို ဘာကြောင့်လုပ်ကြံခဲ့တာဖြစ်မလဲ…။ သူကရော ဘယ်လိုလူလဲ။ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ပရိသတ်ကြီးကိုယ်တိုင်ကြည့်ရှုလို့ရအောင် CM BOLLYWOOD TEAM မှဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။