အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကိုမြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ အကျော်ကြားဆုံးပန်းချီကားတွေကိုလည်း စိတ်ဝင်စားစရာ လေ့လာလို့ရပါသေးတယ်၊Mr. Turner ရုပ်ရှင်ဟာ သာမာန်သူလို ကိုယ်လိုဘဝကို ဖြတ်သန်းခဲ့တဲ့ J. M. W. Turner နဲ့အကျော်အမော် ပန်းချီဆရာ J. M. W. Turner ဘဝနှစ်ခုကြားကခြားနားမှုကို ဖမ်းယူထားတာမို့လို့နာမည်ကျော်လှပါတယ်ဆိုတဲ့ပန်းချီဆရာတွေရဲ့ကိုးကွယ်ချင်စရာကောင်းလောက်အောင် လှပတဲ့ ပန်းချီကားတွေနောက်ကွယ်မှာဖြစ်ရပ်တွေရှိတယ်ဆိုတာကိုမြင်ရဦးမှာပါ။ အမြင်အားဖြင့်ရင်သပ်ရှုမောဖွယ်ကောင်းပြီး စိတ်ခံစားမှု ရသမျိုးစုံအောင်ပေးတဲ့အပြင်ဆုများစွာကို ရရှိကာ ဝေဖန်အားပေးမှုများစွာလည်း ရရှိခဲ့တာမို့လို့အလှတရားနဲ့ အနုပညာစွမ်းအားကို မြတ်နိုးသူတိုင်း လေ့လာသင့်တဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ပါပဲ