Netflix ကနေအသစ်ထွက်ရှိလာတဲ့ “Burning Betrayal” ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းက အချစ်ကားလိုပုံစံမျိုးပေမယ့မထင်မှတ်ထားတဲ့အလှည့်အပြောင်းလေးထည့်ထားပေးတော့ အတော်လေးကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဘာဘီဟာ သူနဲ့ငါးနှစ်တာအတူတွဲခဲ့တဲ့ ကိုင်ရိုနဲ့ လက်ထပ်တော့မယ့်အချိန်မှာပဲ ကိုင်ရိုဟာ သူ့နောက်ကွယ်မှာတခြားကောင်မလေးတစ်ယောက်နဲ့ ဖောက်ပြန်နေတာကိုသိလိုက်ရပါတယ် နှစ်တွေအကြာကြီး လက်တွဲလာခဲ့တဲ့သူဖြစ်တဲ့အတွက် ဒီအကြောင်းကိုသိတဲ့အခါဘာဘီတစ်ယောက်အတော်လေး ပြိုလဲသွားပါတယ် ဒါပေမယ့် သိပ်မကြာပါဘူး သူ့ကို စိတ်ဝင်စားနေတဲ့ ခပ်မိုက်မိုက်တရားသူကြီးမာကိုနဲ့ တွေ့ခဲ့ပါတယ်ဘာဘီနဲ့ မာကိုတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလဲ၊ ဘာဘီလိုချင်နေတဲ့ ဆက်ဆံရေးမျိုးကို မာကိုနဲ့ရော အဆင်ပြေစွာနဲ့ တည်ဆောက်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးပါဦးနော်