Pom Poko FHD

Pom Poko

Fantasy Adventure Animation FHD 1994-07-16 7.166 119 Min

အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် ဘာမှမပြောချင်တော့ပါဘူး။ အရမ်းကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ကြ မကြည့်မိရင် နောင်တရသွားလိမ့်မယ်လို့ပဲပြောချင်ပါတော့တယ် ¯\_(ツ)_/¯ စတာပါ တကယ်ပါ။ လုံးဝမပြောလို့ကလည်းမဖြစ်ပြန်သေးဘူးဆိုတော့လည်းနည်းနည်း​လောက်တော့ပြောပြလိုက်ပါဦးမယ်။ဇာတ်လမ်းလေးကဒီလိုစပါတယ်……. ပုံစံမျိုးစုံကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ရက်ကွန်းဆိုတဲ့သတ္တဝါလေးတွေဟာတာမာတောင်ကုန်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်ကြပါလေသတဲ့ …. ပျော်ရွှင်အေးချမ်းနေတဲ့သူတို့ရဲ့ကမ္ဘာလေးထဲကို လူဆိုတဲ့လောကမှာညဏ်အများဆုံးတစ်ကိုယ်ကောင်းအဆန်ဆုံးသတ္တဝါတွေကမြို့လည်ကောင်မှာလူနေထိုင်ဖို့နေရာမလုံလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တာမာတောင်ကုန်းမှာရှိတဲ့သစ်တောတွေကိုအပြောင်ရှင်းပြီးမြို့သစ်တစ်ခုတညဆောက်​ဖို့ကြိုးစားကြပါတော့တယ် …… အဲ့ဒီအခါ ရက်ကွန်းလေးတွေဟာသူတို့ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်သူတို့သစ်တောလေးကိုကာကွယ်ဖို့အစွမ်းကုန်ကိုနှစ်ရှည်စီမံကိန်းကြီးဆွဲပြီးကြိုးစားကြပါတယ်။ ဒါပေမဲ့လည်းလူသားတွေကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကိုအသက်ပေါင်းများစွာကိုစတေးပြီးတဲ့အချိန်မှသိခဲ့ကြရတဲ့အခါမှာ ……. ဒီရုပ်ရှင်ဟာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမီးမောင်းထိုးပြနေတဲ့အဖိုးတန်ရုပ်ရှင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အရာတွေအတွက် သဘာဝပတ်ဝန်းကျင်ဟာအခုအချိန်အထိစတေးခံနေရတုန်းပဲဖြစ်ပါတယ်။နေရင်းဒေသတွေပျက်စီးမှုကြောင့် မရေမတွက်နိုင်တဲ့မျိုးစိတ်တွေမျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်နေရတဲ့လက်ရှိကမ္ဘာကြီးရဲ့ရုန်းကန်နေရမှုတွေကဒီရုပ်ရှင်မှာပဲ့တင်ထပ်စေမှာဖြစ်ပါတယ်။ တိုးတက်မှုလို့နာမည်တပ်ထားတဲ့ နောက်ကွယ်မှာ ရင်ဆိုင်ရမယ့်အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက်သတိပေးချက်တစ်ခုလည်းဖြစ်တဲ့ဒီ Pom Poko ဆိုတဲ့ဇာတ်ကားလေးကို အတူတူလိုက်ပါစီးမြောခံစား၊ ဝမ်းနည်းစာနာနိုင်စေဖို့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။