ဇာတ်ကတော့ အစွန်အဖျားဒေသတစ်ခုမှာ လူတစ်ယောက် မသေဘဲ ပုပ်ပြီး အလောင်းကောင်ထက် တော်တော်ကြည့်ရဆိုးလာတယ်။ အပုပ်ကောင်ဖြစ်လာတယ်ပေါ့။ သူတို့အဆိုအရတော့ ဒီလူကနတ်ဆိုးဝင်ပူးခံထားရတဲ့လူပဲ။ မသေနိုင်ဘဲ ဝေဒနာခံစားနေရတဲ့ သူ့ကို ဒီတိုင်းသတ်လိုက်ရင် နတ်ဆိုးကလွတ်သွားမယ်။ သန့်ရှင်းရေးသမားလို့ခေါ်တဲ့ ရှင်းလင်းရေးသမားတွေလာပြီး စည်းစနစ်ကျကျရှင်းလင်းပေးမှရမှာ။ ဒီလိုနဲ့ သူ့ကိုလာရှင်းပေးမယ့် သန့်ရှင်းရေးသမားက လမ်းမှာတင် နှစ်ပိုင်းဖြတ်အသတ်ခံလိုက်ရတယ်။ သူ့ကိုရှင်းပေးမယ့်သူ မရှိတော့ဘူး။ အဲဒီဒေသကလူတွေက နောက်ဆက်တွဲတွေကိုတွေးပူပြီး အဲဒီအပုပ်ကောင်ကို ကားနဲ့သယ်ပြီး တစ်နေရာသွားပစ်တယ်။ ဒါပေမဲ့ လမ်းမှာပျောက်သွားပြီး ပြဿနာကြီးလာခဲ့တယ်။ ဝင်ပူးခံရတဲ့လူတွေများလာပြီး ကမောက်ကမတွေဖြစ်လာတယ်။ ဒါကို သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ ပြထားတယ်။ နတ်ဆိုးပဲ အောင်မြင်မလား လူသားပဲ အောင်မြင်မလားဇာတ်က ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ ဒီကားရဲ့ တင်ဆက်ပုံကတော့ ဆန်းခဲ့တယ်။ ဒီရုပ်ရှင်တစ်ကားလုံးရုပ်ရှင်ထဲကလူတွေကို နတ်ဆိုးက အလစ်အငိုက်ဖမ်းတိုက်ခိုက်ဖို့ စောင့်နေလိမ့်မယ်။ နတ်ဆိုးရန်က ကာကွယ်ဖို့ လိုက်နာရမယ့်စည်းမျဉ်း ၇ခုရှိတယ်။ပထမ – နတ်ဆိုးဝင်ပူးခံထားရတဲ့သူရှိနေတာကို မမေ့စေနဲ့။ဒါမှ ခေါင်းထဲဝင်လာပြီး ကိုယ်မလုပ်ချင်တာတွေ ခိုင်းလို့မရမှာ။ဒုတိယ – လျှပ်စစ်မီးမသုံးနဲ့။ လျှပ်စစ်မီးရဲ့အရိပ်မှာ နတ်ဆိုးက ခိုနိုင်တယ်။တတိယ – တိရိစ္ဆာန်တွေနားမကပ်နဲ့။စတုတ္ထ – ဝင်ပူးခံထားရတဲ့သူ သုံးဖူးတာတွေကို မထိနဲ့။ပဉ်စမ – ဝင်ပူးခံထားရတဲ့သူကို နာကျင်အောင်မလုပ်နဲ့။ဆဠမ – နတ်ဆိုးနာမည်ကို မခေါ်မိစေနဲ့။သတ္တမ – အကြောက်တရားမရှိစေနဲ့။နတ်ဆိုးကတော့ ခန္ဓာနဲ့မွေးဖွားလာဖို့ ခြုံခိုတိုက်ဖို့စောင့်နေလေရဲ့။ စည်းမျဉ်း ၇ခုကို လူတွေလိုက်နာနိုင်ကြပါ့မလား… ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ၂၀၂၃ထဲ လက်ရှိထွက်ဖူးသမျှတွေထဲ အလန်းဆုံးဟော်ရာကားပါပဲ။