Flaming Cloud FHD

Flaming Cloud

Unknown FHD 2023-07-29 2 107 Min

ဒီဇာတ်လမ်းလေးကတာ့ အချစ်စစ်နဲ့ ပတ်သတ်ပြီးနတ်ဘုရားတွေရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်တဲ့လောင်းကစား တစ်ခုကနေစတင်လာခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ…ကောင်းကင်ဘုံမှာ အချစ်စစ်နဲ့ပတ်သက်ပြီးလောင်းကစားလုပ်ဖို့စတင်ခဲ့တာလောင်းကြေးကတော့ တိမ်လွှာ မီးတောက်လို့ခေါ်တဲ့နတ်ဘုရားတွေရဲ့ သေဆုံးခြင်းပေါ့…အဲ့ဒီအတွက် ဝမ်စန်းကွေ့ဆိုတဲ့ ကလေးလေးဟာ အချစ်စစ်နဲ့ကျိန်စာဖြေရမယ့် လူသားတစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရတယ်…ငယ်စဥ်ကတည်းက မိဘမရှိ အဖွားနဲ့နေခဲ့ရပြီး သူငယ်ချင်းဆိုတာလည်းမရှိသူတစ်ယောက်ပါ…တစ်နေ့မှာ သူသွားနေကျ စွန့်ပစ်ပန်းခြံတစ်ခုရဲ့ ကိုယ်ပိုင်နေရာလေးကိုလာသိမ်းပိုက်တဲ့ ထင်ထင် ဆိုတဲ့ကောင်မလေး တစ်ယောက်ပေါ်လာခဲ့တယ်…ထင်ထင်နဲ့အစမှာတော့ မတည့်ကြပေမယ့်ပြေလည်မှုရပြီးနောက်မှာသူငယ်ချင်းမရှိတဲ့ဝမ်စန်းကွေ့အတွက်တော့ သံယောဇဥ်တွေတွယ်လာခဲ့တယ်…အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ကျိန်စာဆိုးကပေါ်ထွက်လာခဲ့တော့တာပါပဲ…နမ်းလိုက်တဲ့ ဘယ်သူမဆို ချက်ချင်း အိပ်ပျော်သွားခဲ့တယ်..ကျိန်စာဆိုးကြောင့်နားလည်မှုလွဲခဲ့ပြီး ထင်ထင်နဲ့ကွဲကွာခဲ့တဲ့အပြင်တစ်ဦးတည်းသောအဖွားလည်းဆုံးရှုံးခဲ့ရတဲ့ ဝမ်စန်းကွေ့…ရှေ့ဆက်ပြီး ကျိန်စာဆိုးနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ…ထင်ထင်ကရော အချစ်စစ်ဖြစ်လာနိုင်မလား…ကျိန်စာဆိုးကိုရောဖြေရှင်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုကြရအောင် …