အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်ကတော့ အားကျတတ်ကြပေမဲ့အချိန်တွေကြာတဲ့အထိ အတန်းဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆိုတဲ့ သူငယ်ချင်း ၅ ယောက်ဟာအတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီးတုန်ပေါ့။တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း နတ်ပူးချင်ယောင်ဆောင်ပြီး ဆရာမကိုမျက်နှာပြောင်ရာကနေကြိမ်စာကျွေးခံရပြီး တုန်တစ်ယောက် အတန်းထဲမှာ အတော်ဆုံးလည်းဖြစ် အတန်းခေါင်းဆောင်လည်းဖြစ်တဲ့လင်ရဲ့ရှေ့မှာ ထိုင်ရဖို့ ဖြစ်လာပါတော့တယ်။အတန်းရဲ့နံပါတ် ၁ ကျောင်းသူလင်နဲ့နောက်ကရေရင်နံပါတ် ၁ ချိတ်နေတဲ့ကျောင်းသားတုန်တို့ကတော့ မြင်တာနဲ့တကျက်ကျက်ဖြစ်နေတဲ့ ကြောင်နဲ့ကြွက်ပေါ့။ဒါပေမဲ့ ကိုယ့်မှာသူ့ကိုမြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင်ဆိုတဲ့အတိုင်းပဲ ဇိုး ၅ ကောင်တစ်ဖွဲ့လုံးဟာ လင်ကိုမှCrushမိကြတဲ့အခါ….တစ်ချိန်က ပျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝအမှတ်တရတွေကိုပြန်တွေးတဲ့အခါမှာ ပထမဆုံး နှလုံးသားထဲကို နေရာဝင်ယူခဲ့ဖူးတဲ့ ချစ်ဦးသူအကြောင်းကတော့ မပါမဖြစ်ပါပဲ။အခုဒီကားလေးထဲမှာလည်း ငယ်ချစ်ဦးမို့ အနှစ်တစ်ရာမမေ့သာဆိုတဲ့အတိုင်းY2K ခေတ် ထချိန်တစ်ခါက သူငယ်ချင်း ၅ ယောက် ဘယ်လိုစော်လိုက်ကြမလဲဆိုတာကို ကြည့်ရှုခံစားရင်းကျောင်းသားဘဝရဲ့ကြည်နူးစရာတွေကို ပြန်တွေးရင်း ရင်ခုန်လိုက်ကြပါစို့လား။