15 Cameras HD

15 Cameras

Horror Thriller HD 2023-10-13 4.3 89 Min

၂၀၁၅ ,  ၂၀၁၈ တို့မှာ ထွက်ရှိခဲ့တဲ့ 13,14 ကင်မရာတို့ရဲ့ အဆက်15 Cameras ဆိုတဲ့ ဒီဇာတ်လမ်းကတော့ အတော်လေး ကျောချမ်းဖို့ကောင်းပါတယ်။ ကိုယ့်ကိုတစ်ချိန်လုံး စောင့်ကြည့်နေတဲ့ဆိုက်ကိုတစ်ယောက်ရဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပါ။ အိမ်ခြံမြေဈေးကွက်မှာ ငွေတွေရင်းနှီးမြှုပ်နှံပြီး အိမ်ငှားစားတဲ့ ဆလမ်းလော့ (ခေါ်) မြေပိုင်ရှင်ကြီးတစ်ယောက်ရှိတယ်။သူက သူပိုင်တဲ့အိမ်တွေအများကြီးမှာ..လျှို့ဝှက်စီစီတီဗီတွေတပ်ပြီး မြေအောက်ခန်းတစ်ခုကနေ အကုန်ထိန်းချုပ်ပြီး စောင့်ကြည့်ပြီးအရသာခံတတ်တယ်။ သူ့ရဲ့ဝါသနာဗီဇတစ်မျိုးပေါ့။ သူဖမ်းဆီးထိန်းသိမ်းခံရပြီး သတင်းကလည်း နိုင်ငံအနှံ့ ဟိုးလေးတကျော်ဖြစ်သွားတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်တယ်ဆိုပြီး ပျောက်ချင်းမလှပျောက်သွားပါတယ်။ စုံတွဲတစ်တွဲကလည်း သူပိုင်ဆိုင်တဲ့ အိမ်ကြီးထဲကို ဈေးပေါပေါနဲ့ရလိုက်တဲ့အတွက်ပြောင်းရွှေ့လာကြပါတယ်။ဒါပေမယ့် ဆလမ်းလော့မရှိတော့ပေမယ့် သူ့ရဲ့ကင်မရာတွေ ထိန်းချုပ်ခန်းတွေက နောက်ထပ်မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းရင်psycho ကောင်တစ်ယောက်ထပ်မံမွေးဖွားလာတဲ့အခါမှာ..လူတွေကို ဘယ်လိုဒုက္ခတွေထပ်ပေးဦးမလဲ သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။