ဒီဇာတ်လမ်းလေးက Horror ဇာတ်လမ်းတိုအမျိုးအစားလေးပါ။ဇာတ်လမ်းအစမှာ ကလေးအရမ်းလိုချင်တဲ့ မိန်းမကြီးတစ်ယောက်က သူကလေးမရနိုင်လို့ ဘုရားကျောင်းက စစ်စတာတစ်ယောက်ကိုသတ်ပြီး သူ့ကလေးကို ခိုးသွားခဲ့တယ်။ အဲ့လိုနဲ့ နှစ်နှစ်ဆယ်ကျော်ကြာပြီးနောက် ဘုရားကျောင်းပျက်အစား ကလပ်အသစ်ပေါ်လာပြီးအကပြိုင်ပွဲတစ်ခုကျင်းပကြတယ်။အဲဒီက ပြိုင်ပွဲဝင်တွေထဲ မယ်လ်နဲ့ ဘရန်ဒန်တို့စုံတွဲလည်း ပါဝင်ပြီးအကပြိုင်ပွဲမစခင်မှာ မယ်လ်တစ်ယောက် သန့်စင်ခန်းခဏဝင်ရင်ပြန်ထွက်လာတော့ ဘုရားကျောင်းပျက်ထဲ ရောက်နေလေရဲ့။ နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတိုလေးမှာပဲဆက်လက်ကြည့်ရှုကြပါကုန်။