Honey, I Blew Up the Kid HD

Honey, I Blew Up the Kid

ဒုတိယ ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ fail နေမယ်။fail fail လေးပဲ ကောင်းပါတယ် ဆိုသလိုပါပဲ။ Honey I Shrunk the Kids ရဲ့အောင်မြင်မှုနဲ့ဝင်ငွေကိုတော့ မမီခဲ့ပေမဲ့ အခုကားလည်း ဆက်လက်အောင်မြင်ခဲ့ပါတယ်လေ။ ပြောရရင် မိသားစုကား သိပ္ပံစိတ်ကူးယဉ်ကားတွေ ရလေ့ရှိတဲ့အောင်မြင်မှုကိုတော့ တင်းပြည့်ကျပ်ပြည့် ရခဲ့တယ်ပေါ့ဗျာ။ ပထမကားကိုမမီရကောင်းလားလို့တော့ အပြစ်တင်မစောလိုက်ပါနဲ့။ သူက တစ်ခေတ်တစ်ကားဆိုသလို ထူးခြားဆန်းပြား မမျှော်လင့်ဘဲ ပေါက်သွားတာမလို့ ဘေးမဲ့ပေးလိုက်ကြပါ။ဒီဇာတ်ကားမှာတော့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ နည်းပညာကိုယူပြီး နိုင်ငံတော်အဆင့်အနေနဲ့ ထပ်မံမွန်းမံဖို့ လုပ်နေတာပေါ့လေ။ ဒီတစ်ခါကတော့ မချုံ့တော့ဘူးဗျ။ ကြီးအောင်လုပ်မှာ။ ဒီမှာလည်း သူက အပယ်ခံ သိပ္ပံပညာရှင်‌ပါပဲ။ဒီလိုနဲ့ စလင်စကီ သားအဖနှစ်ယောက် သားငယ်လေး အာဒမ် ကိုခေါ် ပြီး ဓာတ်ခွဲခန်းကို လာပြီးစမ်းသပ်စဉ်မှာ ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ကလေးငယ် အာဒမ် လေးကို ကြီးအောင်လုပ်မိသွားကြတယ်။လျှပ်စစ်ဓာတ်တွေရတိုင်း အတိုင်းအဆမဲ့ ကြီးနေတာမလို့ ဂေါ်ဇီလာလောက်ကြီး ဖြစ်သွားပါလေရော။ ကလေးအသိဉာဏ်နဲ့ဆိုတော့ တွေ့ကရာ အကုန်ဆွဲလွှင့်ပစ်နေတော့ မြို့ဖျက်ဂေါ်ဇီလာကြီးလို့ပဲ ပြောပါတော့လေ။ ဒီတော့ စလင်စကီတို့မိသားစု သားငယ်လေးကို ဘယ်လိုပြန်ပြီး သေးအောင်လုပ်မလဲဆိုတာစိတ်ဝင်ဝစား ကြည့်ရပါဦးမယ်။ ဒီဇာတ်ကားကတော့ ပထမကားလိုမဟုတ်ဘဲဗီလိန်ပါလာတယ်ပေါ့လေ။ ဒီတော့ ဗီလိန်ကောင်ကို ကျော်လွန်ပြီး သားငယ်လေးအာဒမ်ကို အန္တရာယ်ကင်းကင်း ဘယ်လိုပြန်ချုံ့ကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်လားဗျာ။