ဇာတ်လမ်းအကျဉ်းလေးကတော့-ဖန်ရှီးယွိဆိုတဲ့ ကံဆိုးမလေးဟာ အဆင့်မြင့်တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့ပေမယ့်ကျောင်းစရိတ်ပေးပြီးနောက်မှာတော့ အဆောင်စရိတ်ပေးစရာမရှိဖြစ်နေပါတယ်။သူ့ဘဝမှာ အလွန်ဒုက္ခရောက်နေချိန်မှာ ရုပ်ရည်ချောမောပြီးမာနကြီးတဲ့ သူဌေးလေး ယန်ယွီက သူမရဲ့ အစ်ကိုဆိုပြီးအတူတူနေဖို့အတွက် နေစရာနေရာပေးခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီအစ်ကိုမှာ လျှို့ဝှက်ချက်ရှိနေသလိုပါပဲ။ သူမကိုတခြားယောကျာ်းလေးနဲ့ အဆက်အဆံလုပ်ခွင့်မပေးတဲ့အပြင်ကျောင်းဒါရိုက်တာအဖြစ်နဲ့ သူမကို လာစောင့်ကြပ်နေပါသေးတယ်။ပြီးတော့တခါတလေကျရင်လဲ သူမကမြေခွေးအမြီး ၉ ချောင်းကို တွေ့မိနေသလိုပါပဲ။နေ့စဉ်နဲ့အမျှ တူတူရှိနေတဲ့ မောင်နှမဟန်ဆောင်ထားတဲ့နှစ်ယောက်ဟာအချင်းချင်းအချစ်တွေ ပိုလာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ……မြေခွေးမင်းသားလေးမှာလည်း ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲဆိုတာကို……စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်နော်။