She Came to Me HD

She Came to Me

Comedy Drama Romance HD 2023-10-06 6.9 102 Min

လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေးAnne Hathaway ရယ်၊ Tom Holland’s Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလော‌ဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်ဒီဇာတ်လမ်း‌ကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချောကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မ‌လေးကတ်ထရီနာနဲ့ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ယောက်ျားဖြစ်သူကိုလည်း ထောက်ပံ့ပေးတတ်တဲ့သူဖြစ်ပါ။ကတ်ထရီနာကတော့ အချစ်နဲ့လိင်စိတ်လွန်ကဲတဲ့ရောဂါရှိနေသူဖြစ်ပါတယ်။ ဒီဇာတ်ကောင်သုံးယောက်ကြားက ပတ်သက်မှုတွေအပြင် စတီဗင်ရဲ့မယားပါသားအရှုပ်တော်ပုံတွေကိုပါတစ်နာရီမိနစ်လေးဆယ်အချိန်အတွင်းမှာ ကြည့်ရှုသူတွေကို မပျင်းရိစေဘဲ ကောင်းကောင်းဆွဲခေါ်သွားနိုင်လို့ အချိန်ပေးရတာတန်စေမယ့်ကားမျိုးပါပဲ။ဒီဇာတ်လမ်းဟာ ဇာတ်လမ်းသက်သက်ဆိုရင်တော့ဒီလောက်တော့ အားရစရာကောင်းမနေပေမဲ့ Peter Dinklage, Anne Hathaway နဲ့ Marisa Tomei တို့ရဲ့ သမ္ဘာက ဒီကားကို အများကြီး ပိုဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ ဒါရိုက်တာကလည်း အချစ်ကဘယ်လိုဆိုတာကို သူ့နည်းသူ့ဟန်နဲ့ သရုပ်ဖော်သွားခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေ ရုပ်ရှင်တစ်ကားကို ဘယ်လိုပုံစံလိုချင်တယ်ဆိုတာကို ဒါရိုက်တာတွေနားလည်သေးကြောင်းမျှော်လင့်ချက်ပေးနိုင်ခဲ့တယ်လို့ တချို့ကတော့ပြောကြပါတယ်။