မေ့ပစ်ချင်ဆုံးလူတစ်ယောက်ဟာ အိပ်မက်ထဲမှာအမြဲပေါ်ပေါ်လာတတ်တယ်။ကိုယ့်အတွက်အိမ်လိုနွေးထွေးမှုတွေပေးခဲ့တဲ့လူတစ်ယောက်ဟာသူ့လက်နဲ့ပဲအဲဒီအိမ်ကိုပဲဖျက်ဆီးပစ်ခဲ့တယ်။အကြောင်းပြချက်မရှိ သူ့ကိုစွန့်ပစ်သွားတဲ့လူတစ်ယောက်ဟာ(၇)နှစ်ကြာမှပြန်ပေါ်လာတော့ သူ့ရဲ့သမာရိုးကျဘဝလေးဟာစည်းချက်တွေပျက်ပြီး ရှုပ်ထွေးသွားရပြန်တယ်။ခွင့်လွှတ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား……ခွင့်လွှတ်လိုက်ရင်ရော တရားပါ့မလား……ကံကြမ္မာရဲ့ကြိုးကိုင်မှုအောက်မှာ ရင်ဘတ်ကြီးနဲ့ရင်းပြီးကခုန်ခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ရင်နင့်စရာချစ်ဇာတ်လမ်းလေးပါပဲ။