အမျိုးသားဖလင်မော်ကွန်းတိုက်ရဲ့ မော်ကွန်းမှူးဖြစ်တဲ့ ဒေးဗစ်ဟာဇနီးသည်နဲ့အတူ အိမ်အသစ် တစ်လုံးဝယ်ပြီး အိမ်ထောင်ရေးခရီးစတင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်နေ့မှာ မော်ကွန်းတိုက်ကို ရဲဌာနကမှုခင်းဟောင်း ဖလင်မှတ်တမ်းတွေ ရောက်လာတာကြောင့် ဒေးဗစ်အနေနဲ့ စစ်ဆေးကြည့်ရင်း အဲဒီဖလင်တွေဟာ သူတို့လက်ရှိနေတဲ့အိမ်မှာဖြစ်ခဲ့တဲ့ မှုခင်းအကြောင်း ရိုက်ကူးထားတာဖြစ်နေပါတယ်။မှုခင်းကတော့ ၁၉၀၂နှစ်တုန်းက အမျိုးသားဖြစ်သူကသူ့မိန်းမကိုသတ်ဖြတ်ခဲ့တဲ့အမှုပါ။အဆိုပါအမှုဟာ သူ့စိတ်ထဲမှာ တချိန်လုံးစွဲနေခဲ့သလို သူ့အိမ်ထဲမှာလူရိပ်လူခြေတွေ အမြဲမြင်တွေ့နေရလို့ စိတ်ကယောင်ချောက်ခြားဖြစ်လာတဲ့ဒေးဗစ်တစ်ယောက်ဟာ တစ်နေ့မှာတော့ မိန်းမဖြစ်သူရဲ့ဖောက်ပြန်မှုကို မျက်ဝါးထင်ထင်မြင်လိုက်ရပါတယ်။ ကံဇာတာကဒီလောက်နဲ့ မပြီးဘဲ မိန်းမဖြစ်သူ သေဆုံးခြင်းနဲ့မှ အဆုံးသတ်သွားတဲ့အခါ မိတဆိုးသားလေးနဲ့ ဒေးဗစ်တို့ဟာဇနီးသည်ရဲ့သေခြင်းနဲ့သူတို့အိမ်ရဲ့ ဆက်စပ်မှုတွေကို ဖော်ထုတ်ဖြေရှင်းရင်း အမှောင်ထုထဲကို တစ်စတစ်စတိုးဝင်သွားမိပါတော့တယ်။