မိုအဲလို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက သူ့အဖေဆုံးပါးသွားပြီးတဲ့နောက်မှာ မြို့ငယ်လေးတစ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ မိုအဲက သူ့အမေနဲ့ မောင်လေးတို့နဲ့အတူ နေထိုင်တာဖြစ်ပြီးတော့စိတ်ဒဏ်ရာလေးတွေကြောင့် သူငယ်ချင်းအသစ်ဖွဲ့ဖို့ကိုလည်း ခက်ခဲနေသူပါ။ သရုပ်ပြပွဲလုပ်တဲ့နေ့မှာတော့ ကျောင်းခေါင်မိုးပေါ်မှာရပ်နေခဲ့တဲ့ သူ့ပုံစံက သတ်သေတော့မဲ့သူနဲ့ တူတာကြောင့်မီးသတ်သမားဖြစ်တဲ့ ခရောဆုကဲက လာကယ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာ ကျောင်းသူလေး မိုအဲအတွက်တော့ ရှက်စရာကောင်းပေမဲ့ စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်ပါတယ်။ နောက်နေ့မှာလည်းအိမ်မီးရှို့ဖို့ကြိုးစားတဲ့သူတစ်ယောက်ကို တားရင်း ပိတ်မိသွားတဲ့မိုအဲကို ခရောဆုကဲကပဲ ထပ်လာကယ်ခဲ့ပါတယ်။ ကယ်တင်ရှင် တဖြစ်လဲ နွေးထွေးတဲ့ရင်ခွင်ရှိတဲ့ မီးသတ်သမားလေး ခရောဆုကဲကိုမိုအဲကတော့ အပီကြွေသွားပါပြီ။ခရောဆုကဲကတော့ ခပ်အေးအေးနေတတ်ပြီး အလုပ်ကြိုးစားတဲ့ စည်းကမ်းကြီးတဲ့သူမျိုးဖြစ်ပါတယ်။ အရင်ကအဖြစ်အပျက်တစ်ခုကြောင့် ရည်းစားလည်းထပ်မထားဘဲ အလုပ်ကိုပဲ စိတ်နှစ်ပြီးတာဝန်ကျေပွန်ချင်တဲ့ မီးသတ်သမားကောင်းပါ။ မိုအဲတစ်ယောက် ရေခဲတုံးကြီးကို ဘယ်လို အရည်ဖျော်ပစ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ရင်ခုန်စွာ ရှုစားနိုင်ပါပြီ။