IMDb 8.7 ရထားတဲ့ စိတ်ဝင်စားစရာ တေလဂူး Mystery Horror ကားကောင်းတစ်ကားပါမျက်နှာသိ သရုပ်ဆောင်တွေဖြစ်တဲ့ Priyanka Sharma နဲ့ Srikanth Gurram တို့ပါဝင်ထားပြီးဝေဖန်ရေးဆရာတို့ရဲ့ ရီဗျူးလည်း ကောင်းတာမို့ အချိန်ပေးရတာ တန်မှာပါ“ထိုင်နေတော့ ကောင်းသား ထသွားမှ ကျိုးမှန်းသိ” ဆိုသလို ဘဝမှာ တချို့ကိစ္စတွေမှာကိုယ်က သူများရဲ့ အကူအညီယူမိကာမှ ဒုက္ခလှလှ တွေ့ရတဲ့ အဖြစ်တွေ ရှိတတ်ကြပါတယ်ဒီဇာတ်လမ်းမှာ ရိုးရာ ဒဏ္ဏာရီဇာတ်လမ်းတစ်ခုကို နောက်ခံထားပြီး စတင်ထားပါတယ်ဒီကားထဲက “ဂျင်” ဆိုတဲ့ စွမ်းအားမြင့် တစ္ဆေတွေကဘုရားသခင်ဖန်ဆင်းခဲ့တာဖြစ်ပြီး သူတို့ကို တားမြစ်ထားတဲ့ ပညတ်တွေလည်း ရှိလို့နေပါတယ်ဒါကတော့ လူသားမိန်းမနဲ့ အိပ်လို့ မရတာပါပဲဒီစည်းမျဥ်းကို ဖောက်ဖျက်ကြတဲ့ “ဂျင်” တို့ဟာ ကြီးလေးတဲ့ အပြစ်ကို ခံကြရပါတယ်သို့ပေသိ တော်တော်ဖြစ်တဲ့ “ဂျင်” ပုဂ္ဂိုလ်တို့ဟာလူသားမိန်းမကို တပ်မက်လွန်းတာကြောင့် သူတို့ရဲ့ အထီးကျန်ဆန်ချိန်တွေကိုစောင့်ပြီး သွေးဆောင် ဖြားယောင်းကြပါတယ်ဘာလာချန်ဒရန်က ခိုးရာလိုက်ပြီး သူ့အဖေကို ထားခဲ့တဲ့ အမေဖြစ်သူကိုစိတ်နာပြီး မိန်းမတွေကို မုန်းတီးနေသူတစ်ယောက်ပါသူ့အဖေလည်း တစ်ပင်လဲလို့တစ်ပင်ကလည်း ထူချင် ထိုစဥ်က ရွာမှာ အသက်ရှင်တဲ့မိန်းမရှိရက်နဲ့ မယားငယ်ထားရင် ရွာက နှင်ထုတ်တတ်တဲ့ ဓလေ့လည်း ရှိနေတော့သူတို့ရဲ့ မီးရှူးမီးပန်း စက်ရုံကို သားဖြစ်သူဆီ လွှဲအပ်ခဲ့ပြီး ရွာပြင်မှာ ဇနီးသစ်လေးနဲ့ သွားနေပါတော့တယ်…သားဖြစ်သူကိုလည်း အချောဆုံးဆိုတဲ့ မိန်းကလေးနဲ့ ပေးစားလိုက်ပါတယ်အဖေလည်းမရှိတော့ အထီးကျန်နေတဲ့ ဘာလာချန်ဒရန်က တစ်ညမှာစာရင်းတွက်နေတုန်း “ဂျင်” ရဲ့ ခြောက်လှန့်မှုကို ခံလိုက်ရပါတယ်အစက မိန်းမတွေကို မုန်းပြီး ကိုယ့်ဇနီးသည်ကို အနားကပ်မခံတဲ့ ဘာလာ ဟာ အိပ်မက်ဆိုးတွေမက်တာကြောင့် ကြောက်ကြောက်နဲ့ ဇနီးလေးရဲ့ ပြုစုယုယမှုကို လက်ခံလိုက်ပြီး ချစ်ကြည်နူး တစ်တီတူး သွားကြပါတော့တယ်သူတို့ရဲ့ ချစ်ခြင်းကို ခွဲမှာကတော့ “ဂျင်” ဆိုတဲ့ တဏှာရူးတစ္ဆေပဲ ဖြစ်ပြီးဘာလာချန်ဒရန်ကိုအာလာဒင်ကားထဲက မီးခွက်စောင့်ဘီလူးလို လိုရာဆုတောင်းစေ ဆိုပြီး သူ့မိန်းမကို တဖန်စားရဖို့ ကြံပါတော့တယ်…..ဒီကားရဲ့ ဇာတ်လမ်းသွားပုံ ဇာတ်ညွှန်း နဲ့ သရုပ်ဆောင်တွေကမိတ်ဆွေကို ထိုင်ခုံအစွန်းမှာ မြဲနေစေမှာ ဖြစ်တာမို့လို့ အခုပဲ ဒေါင်းကြည့်လိုက်ပါဦးIMDb 8.7 ကလည်း လူထောင်ချီ vote ပေးထားတာမို့ ကြည့်ရတာ တန်မှာပါ