The Wedding Veil Journey HD

The Wedding Veil Journey

Comedy Romance TV Movie HD 2023-01-21 6.7 84 Min

“အဲဒီခြုံလွှာကိုပိုင်ဆိုင်ထားတဲ့ ဘယ်သူမဆို အချစ်စစ်ကိုရှာတွေ့လိမ့်မယ်တဲ့”ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးတို့အတွက် ဆန်းကြယ်တဲ့မင်္ဂလာခြုံလွှာလေးကယူဆောင်ပေးလာမယ့် ချစ်ခြင်းတရားတွေကိုပြသထားတဲ့ romance ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ထရေစီနဲ့နစ်တို့က အလုပ်တွေရှုပ်ပြီးတစ်ယောက်ကိုတစ်ယောက်အချိန်မပေးနိုင်ကြတဲ့ စုံတွဲလေးပါ ထရေစီတို့သူတို့ရဲ့အိမ်ထောင်ရေးကိုသာယာပျော်ရွှင်အောင်လို့ ပျားရည်စမ်းခရီးလေးကိုထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်ကအောင်မြင်တဲ့လုပ်ငန်းရှင်တွေဖြစ်ကြပြီးအရာအားလုံးကိုသေချာစီစဉ်တတ်တဲ့သူတွေပါ ဒါပေမဲ့ နှစ်ယောက်စလုံးက ဘာကိုမှမပြင်ဆင်ထားဘဲ သူတို့ရဲ့ပျားရည်စမ်းခရီးလေးကိုထွက်ဖို့ဆုံးဖြတ်လိုက်ပါတယသူတို့နဲ့အတူတူ အမြဲတမ်းဆောင်နေကျ ခြုံလွှာလေးကိုလည်းယူသွားတာပေါ့ အဲဒီခြုံလွှာလေးကပဲ သူတို့ဆီကို ဘယ်လိုကံကြမ္မာတွေကိုယူဆောင်လာပေးဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှူလို့ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။