ထုံးစံအတိုင်း စောင်ပျင်းမျိုးနွယ်ဖြစ်တဲ့လူတွေဟာ ခိုင်းစားဖို့ စက်ရုပ်တွေတီထွင်ပါတယ်။ ခိုင်းလို့ကောင်းအောင် စက်အသိဉာဏ်တွေ ဖန်တီးခဲ့ပါတယ်။ဒါပေမဲ့ စက်တွေကနေ လူတွေကို လော့စ်အန်ဂျလိမှာ အဏုမြူဗုံးတစ်လုံးကျဲချလိုက်ချိန်မှာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကမ္ဘာ့အနောက်ခြမ်းတစ်ခုလုံးက အသိဉာဏ်ရှိစက်ရုပ်တွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ တပ်ပေါင်းစုကြီးဖြစ်လာပြီး၊ အာရှသစ်လို့ခေါ်တဲ့ အရှေ့ပိုင်းမှာတော့ လူတွေနဲ့ စက်တွေယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ လူတွေအားလုံးကို အပြီးသတ်ရှင်းပစ်နိုင်မဲ့လက်နက်တစ်ခုကို စက်ရုပ်တွေဘက်က နမာတာဆိုတဲ့သိပ္ပံပညာရှင်က တီထွင်လိုက်တဲ့ သတင်းထွက်ပေါ်လာပါတယ်။ အဲဒီစက်ကို ရှင်းပစ်ဖို့ကြိုးစားရင်း တိုက်ပွဲတွေဖြစ်လာပုံကို ပြထားတာပါ။