Fearless HD

Fearless

Crime Drama HD 2022-08-12 8.3 112 Min

Fearless ဆိုတဲ့ဒီဇာတ်ကားလေးကတော့ သတင်းထောက်တစ်ယောက်ဟာအရင်းရှင်တွေရဲ့ စတော့ရှယ်ယာတွေကိုလိမ်လည်ပြဒါန်းပြီးပြည်သူတွေကိုလိမ်လည်တဲ့အမှုကို အကြောက်တရားမရှိဖော်ထုတ်တဲ့အကြောင်းကို တင်ဆက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ယွီလိဟာ ထက်မြက်ပြီးအမှန်တရားဘက်ကရပ်နေတဲ့ အယ်ဒီတာတစ်ယောက်ဖြစ်ပါတယ်။သူဟာနိုင်ငံတကာရှယ်ယာကုမ္ပဏီတစ်ခုရဲ့ တင်ပို့ကုန်အချက်အလက်တွေကိုလိမ်လည်ထားတယ်ဆိုတာ သံသယရှိနေပြီး အဲဒီအကြောင်းကို မဂ္ဂဇင်းမှာထုတ်ဝေခဲ့ပါတယ်။သူ့ရဲ့ဆောင်းပါးထုတ်ဝေပြီးနောက်ပိုင်း ကုမ္ပဏီဟာရှယ်ယာတွေထိုးကျသွားခဲ့ပြီး သန်းပေါင်းများစွာအရှုံးပေါ်ခဲ့ရတယ်။အဲဒါကြောင့် ကုမ္ပဏီရဲ့တာဝန်ခံက ယွီလိကို ငွေနဲ့အရင်ချည်းကပ်ခဲ့ပေမယ့် မရခဲ့ပါဘူး။အဲဒါကြောင့် ယွီလိကိုပြန်ပေးဆွဲ အကြမ်းဖက်အကြပ်ကိုင်တာတွေလုပ်လာပါတယ်။တရားဥပဒေစိုးမိုးတဲ့တိုင်းပြည်တစ်ခုမှ မင်းမဲ့တိုင်းပြည်လိုပြုမူနေတဲ့အရင်းရှင်တွေကို ဘယ်လိုကြိုးစားပြီးတွန်းလှန်နိုင်မလဲ……အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ပြီးနောက်မှာတရားဥပဒေကမတရားမှုကိုဘယ်လိုအနိုင်ယူသွားလဲဆိုတာကိုဖော်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။