အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ် သူက ပုံတုံးတယ်ရိုးတယ် အ တယ် သူ့ကို လူတိုင်းက အသုံးချလဲ သူခံတယ်အမြဲတမ်း မျက်နှာလေးကို ပြုံးပြံုးထားတယ်…သူက ဉာဏ်ကောင်းပြီး တော်ပေမဲ့ အိမ်က ပေးစားတဲ့ယောကျင်္ားကို ယူရဖို့ပဲ စောင့်နေရတဲ့ သမီးကြီးပေါ့သူ့အောက်က ညီမဖြစ်သူကတော့ ခေတ်ဆန်ပြီးရည်းစားရှိတယ် India တွေ ထုံးစံ အတိုင်းအကြီး မင်္ဂလာဆောင်မှ အငယ်ကမင်္ဂလာဆောင်ရတယ်ဒီတော့ ညီမ ဖြစ်သူကလဲ ယောကျင်္ားမရသေးတဲ့ ဆာရူး ကိုအမြဲလိုလို နှိမ်နေခဲ့တယ်…ဆာရူး အိမ်က သက်မှတ်ထားတာကလဲ နိုင်ငံခြား ဘွဲ့ ၂ ခုလောက်အနည်းဆုံးရထားပြီးမျိုးရိုးမြင့်တဲ့ မိသားစု ကို သားမက်တော်ချင်တာဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလွန်းလို့ခေါင်းခါထွက်သွားတာ ၁၀ ယောက်ထက် မနည်းတော့ဘူး…ဒီလိုကံဆိုးနေတာ ဆာရူးတစ်ယောက်ပဲ ရှိမယ် ထင်ရတယ်…ဆာရူး တို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီ ဆန်ဆန်ကောင်လေး တစ်ယောက် ရှိတယ် တစ်ကိုယ်လုံး တက်တူးတွေနဲ့အမြဲတမ်း ဘီယာလေး တမြမြ နဲ့မူးနေတဲ့သူသူ့အခန်းဆိုရင်လဲ ညတိုင်း မိန်းမပျက်တွေ ဝင်ထွက်နေတဲ့နေရာနာမည်လေးကလဲ ဆိုးသေး လူသတ်မှုနဲ့ ထောင်က လွတ်လာသူသူ့နာမည်က အင်ဒါ တဲ့ရုပ်ချောပြီး ဗလ ခပ်တောင့်တောင့် နဲ့ကောင်လေးပေါ့…တစ်ရက် ဆာရူး ရဲ့ အဖြစ်ကို အင်ဒါ မြင်သွားတယ် သနားသွားမိတယ်ဆာရူး အလုပ်လုပ်တဲ့ စာကြည့်တိုက်မယ် စာအုပ်တွေ သွားငှားပေါ့…အင်ဒါ ရဲ့ လက်ရှိရည်းစားကလဲနာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဆိုတာ ဆာရူး သိတဲ့နောက်မှာ လူခြေတိတ်ချိန်လေး အင်ဒါ အခန်းကိုသွားအင်ဒါ ရည်းစားဆီမယ် သူမ ပုံစံကို ပြောင်းလဲပေးဖို့ အကူအညီတောင်းခဲ့တယ်အဲ့ဒီအချိန်မှာပဲမူးနေတဲ့ အင်ဒါ ရည်းစားရောက်လာ ရန်တွေဖြစ်ကြအင်ဒါ ဒဏ်ရာ ရသွားလို့ ဆာရူးက ဆေးခန်းလိုက်ပို့ နဲ့တိုက်ခန်းက လူတွေကတော့ ဒီကောင်လေး နဲ့ ကောင်မလေးညားနေပြီဆိုပြီး ဆာရူးအဖေကြီးကိုချွန်တွန်းလုပ် ဟိုရှေးရိုးစွဲအေဖႀကီးက ဆာရူး ကို အိမ္က ႏွင္ထုတ္လုိက္တယ္…ဘဝ မှာ မိသားစုကလွဲပြီး ဘယ်သူမှ မရှိဖူးတဲ့ ဆာရူး တစ်ယောက်လေလွင့်ရတော့မယ့် အခြေအနေမှာ အင်ဒါကဘေးနားကကိုယ်ရံတော်လို မားမားမတ်မတ် ရပ်တည်ပေးပြီးအစွဲကြီးတဲ့ ဆာရူး တို့ အဖေ ဘယ်လို ပြန်ခွင့်လွှတ်လာအောင်ကူညီမလဲ ဆာရူး ရဲ့ နဖူးစာ မှာပါတဲ့ ချစ်သူကရော အင်ဒါဖြစ်လာမှာလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့…