ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်…ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာMother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ…(သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ…ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ….)သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်…သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ…ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ…ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်းမျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး…Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုကသူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကိုလိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ…သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး…ဒါပေမယ့် သူတို့ရဲ့စံပြကြီးKick Ass လိုမျိုးမျက်နှာဖုံးတပ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့အားအင်တွေရှိလာကြမယ်ဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်နေကြလို့ပါ….(သူရဲကောင်းဆိုတာ လက်ရုံးရည်မရှိလဲ နှလုံးရည်ရှိလည်းရတယ် ဆိုသလိုပေါ့..)နောက်ပြီးတော့ Kick Ass 1 မှာ ၁၃ နှစ်သာသာပဲရှိနေသေးတဲ့ လူကြမ်းမလေးHit Girl ကတော့ သူ့ရဲ့အဖေ Big Daddy သေဆုံးပြီးနောက်ပိုင်းမှာဦးလေးရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာရင်း သတ်ဖြတ်မှုတွေကိုတတ်နိုင်သလောက်ရှောင်နေခဲ့ပါတယ်….ဒီကားမှာတော့ Hit Girl လေး အသက်ကြီးလာပြီဖြစ်လို့ တော်တော်လေးကိုချောနေတယ်ဆိုတာ ငြင်းမရပါဘူး…ဒါဆိုရင် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး Kick Ass ကော…..Kick Ass ကတော့ ထုံးစံအတိုင်းပဲ တုတ်ကလေးနှစ်ချောင်းကိုကိုင်ပြီးလူသားတွေကို ဘာမှမရဘဲ လိုက်လံကာကွယ်ပေးနေတုန်းပါပဲ…သူရတာတွေကတော့ ကွဲပြဲ ဒဏ်ရာတွေပါပဲ….သူရဲကောင်းတိုင်းမှာ စွန့်လွှတ်မှုတွေအများကြီးရှိကြပါတယ်…ဘာအမြတ်အစွန်းမှမပါဘဲ အားလုံးရဲ့အကျိုးကိုလိုက်လံဆောင်ရွက်ပေးနေတဲ့Kick Ass ရဲ့စွန့်လွှတ်လိုက်ရတာကတော့ ဒီ Kick Ass 2 မှာ အကြီးမားဆုံးပါပဲ….ဘာလဲဆိုတာကိုတော့….။