The Odds FHD

The Odds

Horror FHD 2019-06-04 5.571 107 Min

2018 တုန်းကထွက်ရှိခဲ့တဲ့ The Odds ဆိုတဲ့ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb မှာ Rating 4.9 သာရရှိထားပေမဲ့ကြည့်လို့ကောင်းတယ်လို့ပြောရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။အခန်းထဲမှာလူနှစ်ယောက်ရှိတယ်။တစ်ယောက်ကအသက်နဲ့ရင်းပြီးကစားရတဲ့ Squid Game လိုကစားပွဲတစ်ခုမှာလာပြိုင်တဲ့အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ကတော့ဘာလုပ်ရမယ်ဆိုတာတွေနဲ့ကစားပွဲစဉ်းမျဉ်းတွေကိုသူ့ကိုရှင်းပြပေးပြီးညွှန်ကြားပေးရတဲ့ လူတစ်ယောက်။အသက်နဲ့ရင်းပြီး ကစားရတယ်ဆိုပေမဲ့လူအများကြီး စုပေါင်းပြီး ယှဉ်ပြိုင်ရတာမဟုတ်ဘဲတခြားပြိုင်ပွဲဝင်တွေကလဲတခြားအခန်းတွေထဲမှ ာကိုယ်စီကိုယ်စီယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။အနိုင်ရရှိတဲ့လူကတော့ ပိုက်ဆံတွေအများကြီးကိုပိုင်ဆိုင်ရမှာ ဖြစ်ပြီးတခြားလူတွေကတော့ထွက်သွားရင်ထွက်သွား မသွားရင်သေခြင်းတရားနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒီတော့ အဲ့ဒီလိုကစားပွဲကြီးထဲမှာ ဘာတွေကစားရမှာလဲအခန်းတစ်ခန်းထဲမှာပဲ နှစ်ယောက်တည်းနေရပြီးကစားနေရတဲ့အတွက်တခြားလျှို့ဝှက်ချက်တွေရောရှိနေသေးလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။