A Wonderful Cloud HD

A Wonderful Cloud

Comedy Romance HD 2015-03-16 5.143 80 Min

ကိတ်နဲ့ ယူဂျင်းဆိုတာက အကွဲကွဲအပြဲပြဲနဲ့ ပြတ်သွားခဲ့ကြတဲ့ရည်းစားဟောင်းနှစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ ကိတ်တယောက် ရည်းစားဘ၀တုံးက အတူထောင်ခဲ့တဲ့ကုမ္ပဏီကိုလက်လွှဲယူဖို့အတွက် ယူဂျင်းရှိရာ လော့စ် အိန်ဂျလိစ်မြို့ကိုအလည်ခရီးလာဖို့အကြောင်းဖန်လာပါတော့တယ်။ကိတ်ကို မပြတ်နိုင်သေးတဲ့ ယူဂျင်းရဲ့ ပြန်သိမ်းသွင်းမယ့် ဉာဏ်နီဉာဏ်နက်အစီအစဉ်တွေကို ကိတ်တယောက်ရိပ်မိသွားတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ရဲ့ဘ၀အနာဂတ်တခုတကယ်ရှိနိုင်ပါ့မလားဆိုတာ72နာရီအတွင်းအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ယူဂျင်းတယောက် ကိတ်ကို ပြန်စည်းရုံးနိုင်ပါမလား။ကိတ်ကလည်း ဘာကိုရွေးချယ်သွားမလဲ။ဒီအလည်ခရီးရဲ့ အဆုံးမှာသူတို့နှစ်ယောက်ရဲ့ ထူးထူးခြားခြားဇာတ်လမ်းလေးက ဘယ်လိုမျိုးနိဂုံးချုပ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒီ အချစ်ဒရာမာ ဇာတ်ကားရဲ့ထူးခြားချက်အနေနဲ့ကတော့မင်းသား/ ဒါရိုက်တာယူဂျင်းကိုယ်တိုင်က တကယ့်ရည်းစားဟောင်းဖြစ်တဲ့ကိတ်နဲ့ပဲ ဇာတ်လမ်းကို အမည်နာမပြောင်းလဲခြင်းမရှိရေးသားရိုက်ကူးထားတာဖြစ်ပါတယ်။