ဒီဇာတ်လမ်းလေးကတော့ နိုင်ငံရေးတိုင်းမှာတွေ့နေကျ အခြေအနေမျိုးကိုမြို့ငယ်လေးတစ်မြို့မှာဇာတ်အိမ်တည်ထားပြပြီးရာဇဝတ်မှု၊အကျင့်ပျက်ခြစားမှု၊နိုင်ငံရေး၊ အာဏာတို့နဲ့ သရုပ်ဖော်ရိုက်ကူးထားတဲ့ တူရကီဇာတ်ကားလေးပဲဖြစ်ပါတယ်….။ဇာတ်လမ်းအကျဥ်းကတော့…အမ်မီယာဟာ အမှုစစ်ချုပ်အဖြစ်နဲ့ ရန်နီကလာဆိုတဲ့မြို့လေးတစ်မြို့ကို တာဝန်ကျခဲ့ပါတယ်….။ဒီမြို့လေးဟာ တောကျကျ ဝေးလံခေါင်ပါးတဲ့အရပ်မှာရှိပြီးမြို့ငယ်လေးဆိုပေမယ့်ပြဿနာပေါင်းသောင်းခြောက်ထောင်တက်တဲ့မြို့ပါပဲ…မြို့သူမြို့သားတွေ ရေလုံလုံလောက်လောက်မသုံးရတဲ့ပြဿနာ၊ မြို့ရဲ့ခေါင်းကြီးပိုင်းတွေရဲ့ရွေးကောက်ပွဲနိုင်ဖို့အာဏာလုတဲ့ပြဿနာ…၊အတိုက်အခံအချင်းချင်း မလိုမုန်းတီးမှုတွေ စတဲ့စတဲ့ ပြဿနာကိုယ်စီနဲ့ပါ…။မြို့ရဲ့အာဏာပိုင်တွေဟာ ရွေးကောက်ပွဲနိုင်ဖို့၊လူထုထောက်ခံချက်ရဖို့အတွက်နဲ့ရေကိုလက်နက်လိုအသုံးချပြီး မဲဆွယ်ပါတယ်…မြို့ခံတွေကလည်း အသိပညာနည်းပါးသူမို့ ဥပဒေတွေဘာတွေမသိကိုယ့်လိုအင်ဖြည့်ပေးသူသာ လူကောင်းလို့မြင်ပြီးပြေရာပြေကြောင်းနေနေကြသူတွေပါ….။ဒီလိုအခြေအနေတွေကြားမှာ ဥပဒေဘက်တော်သားတစ်ယောက်ဖြစ်တဲ့အမ်မီယာတစ်ယောက် သူ့ရဲ့တာဝန်တွေကိုထမ်းဆောင်ရင်း ပဋိပက္ခမျိုးစုံကြားမည်သို့မည်ပုံရှင်သန်နေနိုင်အောင် ကြိုးစားသွားမယ်ဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ…