Waiting for Forever- “အချစ်နောက်တစ်ကောက်ကောက်”…ကျွန်တော်တို့ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ကိုယ်ချစ်တဲ့သူနောက် လိုက်ခဲ့ဖူးမှာပါ….။ဘဝမှာလည်း စိတ်ကူးကြည့်မိကြဖူးမှာပါ…၊ချစ်သူနဲ့သိပ်ဝေးလွန်းလို့ မတွေ့နိုင်မယ့်နေ့ရက်တွေနဲ့ နိုးထတိုင်းချစ်သူနဲ့တွေ့ရမယ့် နေ့ရက်ဆိုရင်….ဘာကိုရွေးချယ်ကြမလဲအမြဲတမ်း တွေ့ဖြစ်ရင်၊ တွေ့နိုင်ရင်၊ တွေ့ရရင် ဆိုပြီး ရွေးချယ်မိကြမှာပဲမလား.။ဒီဇာတ်လမ်းကတော့ ဒီလိုခံစားချက်မျိုးနဲ့ကိုယ်ချစ်ရသူနောက်တစ်ကောက်ကောက်လိုက်နေခဲ့မိတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ….။ဘယ်ကတည်းက ချစ်သူအနားမှာ အမြဲ တဝဲလည်လည်နေခဲ့သလဲဆိုတာကတော့…..။ဘာပဲဖြစ်ဖြစ်တစ်နေ့မှာတော့ ဒီကောင်လေးဟာ သူ့ချစ်သူကိုဖွင့်ပြောဖို့ ကြိုးစားခဲ့ပါပြီ….ချစ်ရသူကို ဘယ်လိုရင်ဖွင့်ပြမလဲဆိုတာ… ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။