Bad Cat FHD

Bad Cat

Action Comedy Animation FHD 2016-02-05 6.791 86 Min

ဒီဇာတ်ကားက က​လေးကြည့်လို့မရတဲ့ ကာတွန်းဇာတ်ကားပါ။၂၀၁၆ခုနှစ်က တူရကီနိုင်ငံက ဖြန့်ချိခဲ့တဲ့ Animationဖြစ်ပြီးIMDb 7နဲ့ RTမှာ 44% ရထားပါတယ်။ ဇာတ်လမ်းက PG 15ratingဖြစ်ပြီး အ​ဆဲအဆို​တွေ ​အ​တော်သုံးထားပြီး သတ်ဖြတ်တာ​တွေလည်း ပါပါတယ်။ဇာတ်​ကြောင်းက​တော့ အရက်​သောက် ​ဆေးချ ခိုးဆိုးလုနှိုက်အလုပ်​တွေပဲ အမြဲလုပ်​နေတဲ့ ရှဲရိုဆိုတဲ့​ ကြောင်ဆိုးတစ်​ကောင်တစ်​နေ့မှာ ​ကြောင်မ​လေးတစ်​ကောင်ကိုနှာဘူးထဖို့အသွားမှာ​ကြောင်မ​လေးခမျာ သူ့ရုပ်ရည်မြင်ပြီး လန့်ဖျပ်ထွက်​ပြေးရာမှဓါတ်လိုက်​သေဆုံးသွားပါ​တော့တယ်။အဲဒီမှာ ​ကြောင်မ​လေးရဲ့သခင်နဲ့ ထိပ်တိုက်တိုးပြီး ဘိုင်ဝမ်းဆွဲရာက​နေသခင်ဖြစ်သူပါတိုက်​ပေါ်ကပြုတ်ကျ​ပြီး ဦး​နှောက်ပွင့်သေဆုံးသွားပါ​တယ်။ဒါ​ပေမဲ့ အ​တော်​လေးအစွဲကြီးလှတဲ့ ​ကြောင်မ​​လေးရဲ့သခင်က​ခေါင်းပွင့်တာ​တောင် ဇွန်ဘီအ​နေနဲ့ပြန်အသက်ဝင်လာပြီး ရှဲရိုတစ်ကောင်ကို လိုက်သတ်ပါ​တော့တယ်။ ဇာတ်လမ်းက​တော့ခပ်စားစားပါပဲ။ အ​ပြောအဆိုတွေနဲ့ ​အောက်လုံးစကား​တွေကိုရေလည်သုံးထားလို့ က​လေး​တွေကို ပြလို့ရတဲ့ ကာတွန်းကားမဟုတ်တာကို ထပ်​လောင်းညွှန်းလိုက်ရပါ​တယ်။