Yaariyan HD

Yaariyan

Drama Romance HD 2014-01-10 3.286 145 Min

အခုတစ်ခေါက်ပြောပြပေးသွားမှာတော့ အိန္ဒိယနိုင်ငံကတက္ကသိုလ်ကျောင်းသားတွေရဲ့ သူတို့ကျောင်းကြီးကိုကယ်တင်ဖို့ ဘယ်လိုတွေယှဉ်ပြိုင်ကြိုးစားခဲ့ကြလဲဆိုတာ‌ကို ရိုက်ကူးထားတယ့်ဇာတ်ကားကောင်းလေးအကြောင်းပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင်‌ သူငယ်ချင်းကြားကသံယောဇဉ်၊အချစ်၊အလွမ်းစတဲ့ခံစားမှုရသပေါင်းစုံကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လက်ရှာနဲ့သူရဲ့ငယ်သူငယ်ချင်းတွေဖြစ်တဲ့ဒီဘူတို့က အတူတူကြီးပြင်းလာကြရင်း အရွယ်ရောက်လာတယ့်အခါမှာတော့ဒီဘူကဩစတြေးလျကိုပညာသင်ထွက်သွားခဲ့ပြီး လက်ရှ်ကတော့ အိန္ဒိယက‌ကျောင်းတစ်ခုမှာပဲပညာဆက်သင်ခဲ့တယ် တစ်နေ့တော့လက်ရှ်တို့ကျောင်းကမိန်းကလေးအဆောင်ကို ဩစတြေးလျကအဖွဲ့တစ်ခုကသိမ်းလိုက်ပြီး အဲ့နေရာမှာဟိုတယ်နဲ့ကာစီနိုရုံဆောက်ဖို့ပြင်ကြတယ် အဲ့ဒီအချိန်မှာတော့ကျောင်းအုပ်ကြီးက သူရဲ့ကျောင်းကိုကယ်တင်နိုင်ဖို့အတွက် ဩစတြေးလျကလူ‌တွေနဲ့ပြိုင်ပွဲတစ်ခုကိုယှဉ်ပြိုင်ပြီး အနိုင်ရတဲ့အဖွဲ့ရဲ့ဆန္ဒကိုဦးစားပေးဖို့သဘောတူခဲ့ကြတယ်အဲ့ဒီပြိုင်ပွဲအတွက်လည်း လက်ရှ်တို့သူငယ်ချင်းအဖွဲ့ကိုတာ၀န်ပေးခဲ့တယ် အမြဲတမ်းဘ၀ကိုပေါ့ပေါ့နေပြီးဖြတ်သန်းနေခဲ့ကြတဲ့လက်ရှ်တို့ဟာအခုလိုမျိုးပြိုင်ဆိုင်ဖို့ကြုံတွေ့လာရတဲ့အခါမှာတော့ သူတို့ဘယ်လိုလုပ်ကြမလဲ ကျောင်းကြီးကိုကောသူတို့ ကယ်တင်နိုင်ပါ့မလားသူငယ်ချင်းအချင်းချင်းကြားမှာဖြစ်ပေါ်လာတဲ့ ကတောက်ကဆပြဿနာတွေကိုကော သူတို့ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာကို စိတ်၀င်စားတယ်ဆိုရင်တော့ဒီကားလေးကိုကြည့်ဖို့အကြံပေးလိုက်ပါတယ်နော်