Aarya 2 HD

Aarya 2

Action Comedy HD 2009-11-27 6.844 155 Min

အာလူးအာဂျွန်ရဲ့ လူကြိုက်များပြီး IMDb 7.4 rotten tomatoes 83%လို ratingကောင်းတွေပိုင်ဆိုင်ထားတဲ့old but gold ရုပ်ရှင်လေးတစ်ကားကို Bollywood ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြန်ပါပြီ။ဒီမှာတော့ ဇာတ်လိုက်ကျော်ကြီးအာလူးအာဂျွန်ကို လုံးဝကွဲထွက်နေတဲ့ ကာရိုက်တာ 2 ခုအနေနဲ့ မြင်တွေ့ရမှာပါ။မိဘမဲ့ကျောင်းလေးတစ်ခုမှာ ငယ်စဉ်ကတည်းက ဉာဏ်များလွန်းပြီး toxicတဲ့အာရ်ယာဆိုတဲ့ကောင်လေးဟာ မထုံတတ်တေး အဂျေးဆိုတဲ့ကောင်လေးကိုပီကေတစ်ခုနဲ့ မရမကအကွက်ဆင်ပြီး သူငယ်ချင်းလုပ်ပြီး ကပ်နေလိုက်ပါတယ်။ မအူမလည်နဲ့ခံလိုက်ရတာပေမဲ့ အဂျေးကတော့ အာရ်ယာကိုကွေ့ပတ်ရှောင်လေ ပြေးမလွတ်လေမလို့ အခွင့်ကောင်းစောင့်ပြီးပြေးဖို့ချောင်းနေတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာသူတို့နှစ်ယောက်ထဲက တစ်ယောက်က ချမ်းသာတဲ့အိမ်မှာ မွေးစားခံရဖို့ဖြစ်လာချိန်မှာအာရ်ယာတစ်ယောက်အဂျေးကိုသွားခွင့်ပေးလိုက်ပြီး သူကတော့ကျန်နေရစ်ပါတယ်။ ‌အဂျေးကတော့ အာရ်ယာလက်ကလွတ်ပြီဆိုတဲ့အတွေးနဲ့ မွေးစားခံလိုက်တာပေါ့။ဒါပေမဲ့ ကိုယ်စီအရွယ်ရောက်လာချိန်မှာတော့ အဂျေးဆီကို ပြဿနာတစ်ခုနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အာရ်ယာ၊ နဂိုထဲကမှ ပြဿနာရှာတတ်မကောင်းတာအစုံတတ်တဲ့လူမိုက်ဆန်ဆန်အာရ်ယာတစ်ယောက် ဘွားခနဲပြန်ပေါ်လာချိန်မှာ အဂျေးတစ်ယောက် ခေါင်းကိုက်ရပြန်ပေမဲ့ ထုံးစံအတိုင်းပဲရှောင်မရတာမလို့ သူ့ကုမ္ပဏီမှာ အလုပ်ခန့်လိုက်ရပြန်ပါတယ်။ ဒါပေမဲ့ အာရ်ယာမကောင်းတာကို သက်သေပြနိုင်ရင် အလုပ်ထုတ်မယ်ဆိုတဲ့ကတိနဲ့ပါ။အဂျေးနားကပ်ရရေးတို့အရေးဆိုတဲ့အာရ်ယာတစ်‌ယောက် Mr. perfectမျက်နှာဖုံးနဲ့ ရုံးမှာလူတိုင်းလေးစားအားကျရတဲ့စံပြလုပ်သား ကိုပြည့်စုံလွန်းဂိုက်ဖမ်းပါတော့တယ်။ဒီလိုနဲ့ ဒီကြောင်နဲ့ကြွက်သူငယ်ချင်းနှစ်ယောက်ကြားထဲ ဂီသာဆိုတဲ့မိန်းမလှလေးရောက်လာချိန်မှာတော့ ကိုပြည့်စုံလွန်းမျက်နှာဖုံးအောက်က အာရ်ယာတစ်ယောက်ဗီဇလေးတွေပေါ်လာပါတော့တယ်။ ဒီ 3 ယောက်ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲဆိုတာကတော့ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။