အမေရိကမှာမွေး ဇိမ်ခံပစ္စည်းတွေကြား ပျော်ရွှင်မှုမျိုးစုံ သာယာနေတဲ့ ဂျွန်စ်(ဂျိုး) တစ်ယောက်ဥရောပတစ်ခွင်လည်ပတ်ရင်း စာမေးပွဲတွေတဖုန်းဖုန်းကျနေလေရဲ့အသက်ပြည့်လာတဲ့လူငယ်တစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးရပ်တည်စေချင်လို့အိမ်ကနေထွက်သွားခိုင်းတာတောင် ဟာဝိုင်အီကိုသွားမယ်ကြံနေတဲ့ဂျွန်စ်တစ်ယောက်ကိုဖခင်က သင်ခန်းစာပေးပါတော့တယ်အဖေနဲ့အမေရဲ့ မွေးရပ်မြေကိုသွားလည်ဆိုပြီး ချောင်ကျကျနေရာကအိမ်တစ်လုံးအနံ့အသက်မလုံတဲ့အိမ်သာနဲ့ အိန္ဒိယရဲ့ အခြေခံလူတန်းစားဘဝကိုနေထိုင်စေပြီး credit card တွေပါပိတ်ပစ်လိုက်တော့တယ်လိုတိုင်းရ ပျော်ရွှင်မှုအပြည့်နဲ့ ဂျွန်စ်တစ်ယောက်တစ်ခါမှမရောက်ဖူးတဲ့နေရာမှာ တစ်ခါမှမကြုံဖူးတဲ့အခြေအနေကိုရင်ဆိုင်ကျော်လွှားနိုင်မလား အပျော်တွေနောက်လိုက်ရင်းမိုက်တွင်းနက်နေဦးမလားဆိုတာတော့…