R.A.D.A.R.: The Adventures of the Bionic Dog FHD

R.A.D.A.R.: The Adventures of the Bionic Dog

Comedy Family Adventure Science Fiction FHD 2023-06-27 6.769 0 Min

ဇာတ်လမ်းလေးကတော့ မိသားစုနဲ့အတူတူပေါ့‌ပေါ့ပါးပါးကြည့်လို့ရမယ့် စက်ရုပ်ခွေးလေးရေဒါအကြောင်းပါပဲ….။ဒီခွေးလေးကို ဒေါက်တာ ဗန်ဟွတ်ဆိုသူ စိတ္တဇလူဆိုးကြီးကဖန်တီးခဲ့တာပါ…။ရည်ရွယ်ချက်ကတော့ စက်ရုပ်ခွေးလေးရဲ့ အစွမ်းကိုအသုံးချပြီးကမ္ဘာအနှံ့က ရတနာတွေရှာဖွေဖို့ပေါ့လေ…..။ဒီလိုရည်ရွယ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ဖန်တီးထားတယ်ဆိုပေမယ့်စက်ရုပ်ခွေးလေးရေဒါဟာ မေတ္တာတရားကိုသာလိုလားတောင့်တသူပါ…။တစ်နေ့မှာဒီခွေးလေးဟာ ရတနာရှာထွက်ရင်း သူတို့အပူနဲ့သူတို့ ရတနာရှာထွက်လာတဲ့ ဂေ့ဘ်နဲ့ ကိုင်လီဆိုတဲ့ကလေးနှစ်ယောက်နဲ့ ခင်မင်ခဲ့ပြီး….သူလိုလားတောင့်တတဲ့ မေတ္တာတရားကိုခံစားမိတဲ့အခါ…စက်ရုပ်ခွေးရေဒါလေးဟာ ဂေ့ဘ်တို့အနားပဲနေဖို့ဆုံးဖြတ်လိုက်တယ်ပေါ့….။ဒါကို လူဆိုးကြီး ‌ဒေါက်တာ ဗန်ဟွတ်က လက်ခံပါ့မလား….၊ဂေ့ဘ်တို့ကိုရော ဘယ်လိုဒုက္ခတွေပေးဦးမှာလဲ….၊ရေဒါလေးရဲ့အစွမ်းတွေကဘာတွေဖြစ်မလဲ  ဂေ့ဘ်တို့ကရော စက်ရုပ်ခွေးလေးနဲ့အတူလူဆိုးကြီးကိုဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။