ဘယ်နေရာမှန်း မသိတဲ့အိမ်ကြီးတစ်လုံးရဲ့အခန်းထဲမှာ အဖမ်းခံထားရတဲ့ကောင်မလေးတစ်ယောက်။သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းမသိဘူး..သူဒီကို ရောက်နေတာဘယ်လောက်ကြာပြီဆိုတာကိုလည်း မသိဘူး.သူသိတာဆိုလို့ သူ့ကိုဖမ်းထားတဲ့လူတွေကသူ့ကိုမဖွယ်မရာတွေပြုလုပ်တယ်အစာကျွေးတယ် ရေတိုက်တယ်ဆိုတာပဲသိတယ်။ဒါပေမယ့် တစ်နေ့မှာတော့ အဲ့လိုမတော်မတရားအလုပ်ခံနေရာကို စိတ်ကုန်နေတဲ့ကောင်မလေးက သူ့ကိုဖမ်းထားတဲ့လူကိုတိုက်ခိုက်ပြီးထွက်ပြေးလာပါတော့တယ်။ဒါပေမယ့် သူ့လိုမျိုးတခြားအဖမ်းခံထားရတဲ့ ကောင်မလေးတွေရှိသေးတယ်ဆိုတာကိုသိရတဲ့အခါမှာ သူ့ကိုဖမ်းထားတဲ့လူကိုသတ်ဖို့ကလည်းမဖြစ်နိုင်တဲ့အတွက်အဲ့ဒီလူကို ပြန်ဖမ်းထားပြီးတော့ တခြားကောင်မလေးတွေကို လိုက်ကယ်ပါတော့တယ်။ဒါပေမယ့် အဲ့လိုသူရဲကောင်းလုပ်ရတာကထင်သလောက်မလွယ်ကူဘဲတခြားခက်ခဲတဲ့ အရာတွေလဲ အများကြီးရှိနေတဲ့အခါမှာတော့ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့Bound To Vengeanceဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။