ဘဝမှာအမြဲတမ်း မယုံသင်္ကာစိတ်တွေနဲ့ကြီးပြင်လာတဲ့ ကော့ဒ်နေ နဲ့ သူ့အစ်မဆီက ဘာမဆို ခိုးဖို့ နောက်ဆုံး သူ့အစ်မဘဲတွေကိုပါ အမြဲတမ်းစနိုက်ကြော်နေတဲ့ ကော့ဒ်နေ ရဲ့ ညီမ ကိတ်တလင်း တို့ရဲ့တစ်ယောက်နဲ့တစ်ယောက်ရွဲ့ကြရင်း ဖြစ်လာတဲ့ ပြဿနာတွေပေါ့ကော့ဒ်နေ တစ်ယောက် မင်္ဂလာဆောင်တော့မယ်ဆိုတော့တော့ သူ့ ညီမစနိုက်ကြော်မှာကိုကြောက်လို့ အစီအရင်တွေနဲ့ ဂါထာမန္တာန်တွေလျှောက်လုပ်ရာကနေ စေတန်ကို သူတို့မိသားစုထဲ အမှတ်မထင်ခေါ်ခဲ့မိလိုက်တယ်လေ…..မင်္ဂလာဆောင်ဖို့ ၁ ရက်အလိုညမှာ စေတန်ကိုယ်တိုင်ရောက်ချလာပြီးတော့ တစ်ယောက်ပြီးတစ်ယောက် သတ်တော့တာပဲ…… သူတို့ညီအစ်မနှစ်ယောက်နဲ့သူငယ်ချင်းတစ်သိုက် စေတန်ကိုဘယ်လိုရင်ဆိုင်သွားပြီ ငရဲ့ကိုပြန်ပို့ကြမလဲဆိုတာကိုတော့……..