The Fabric of Christmas HD

The Fabric of Christmas

Comedy Romance TV Movie HD 2023-11-01 9 90 Min

ခရစ်စမတ်က လူတိုင်းအတွက် အမှတ်တရတွေယူဆောင်လာတတ်ပါတယ်။ လူတွေက ဒီအားလပ်ရက်တွေမှာ အနားယူကြပြီးတော့မိသားစုနဲ့အတူတူ ပျော်ပါးတာတွေ ၊ ကိုယ့်အားလပ်ရက်ကို ကိုယ်လုပ်ချင်တဲ့ အရာတွေလုပ်ကြရင်း ကုန်ဆုံးစေကြတာတွေရှိပါတယ်။ဒီတစ်ခါမှာလည်း မိဘနှစ်ပါးစလုံးကို ဆုံးရှုံးထားတဲ့ မောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ အမှတ်တရတွေကို ခရစ်စမတ်ကာလမှာ ကြုံကြရတော့မှာပါ။မိဘတွေဆုံးကတည်းက သူပြုစုပျိုးထောင်ခဲ့တဲ့ သူ့ညီမလေးလော်ရန်ဟာခရစ်စမတ်မတိုင်ခင် လက်ထပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ အကိုဖြစ်သူလီယမ်ဟာ တာဝန်ရှိသူတစ်ယောက်အနေနဲ့ရော ၊ သူ့ညီမကိုချစ်တဲ့ အကိုတစ်ယောက်အနေနဲ့ပါ ညီမလေးအတွက် အမျိုးမျိုးပြင်ဆင်ပေးခဲ့တာကိုတွေ့ရမှာပါ။သူနဲ့မအပ်စပ်တဲ့အလုပ်တွေလုပ်ပြပြီးတော့ ညီမရဲ့ မဂ်လာပွဲဖြစ်မြောက်အောင် စီစဥ်သွားနိုင်တာကို တွေ့ရမှာပါ။ ကံကောင်းချင်တော့ ဒီလိုလုပ်ရင်းသူကိုယ်တိုင်လည်း ဘယ်လိုအတွေ့အကြုံတွေရသွားမလဲဆိုတာကိုတွေ့ရမှာမို့ မိသားစုနဲ့ နွေးနွေးထွေးထွေးလေး ကြည့်ရှုကြပါခင်ဗျာ။ ဒီဇာတ်ကားက မိသားစုဘဝတွေ ခက်ခဲတဲ့အခြေအနေမှာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်တဲ့အကြောင်း အပြုအမူပိုင်းတွေ စံပြလုပ်ရိုက်ပြထားတဲ့ drama တီဗွီရုပ်ရှင်ကားပါ။