အခုလို ၂၁ရာစုမှာ အချစ်စစ်ဆိုတာစပါးပုံထဲအပ်ပျောက်ရှာနေသလိုပါပဲ၊ ဒီလိုခေတ်ထဲမှာအချစ်စစ်ရှာရင်း ကိုယ့်ကိုယ်ကိုယ်မေ့ပျောက်နေမယ့်အစားကိုယ့်ကိုယ်ကိုယ်ချစ်ရင်း ဘဝကို ဘယ်လိုပျော်ရွှင်အောင်နေကြမလဲ? ဒီဇာတ်ကားက ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb မှာ rating 6.1 နဲ့ Rotten Tomatoes မှာrating 46% ရရှိထားပါတယ်။ Fifty Shapes of Gray မင်းသမီး Dakota Johnson နဲ့FunnyPeople, The Bling Ringတို့လိုဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီးRio, The Simpsons တို့လို ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့Leslie Mann အပြင် Night at the Museum တို့လို့ဇာတ်ကားမျိုးမှာပါဝင်ခဲ့တဲ့ Rebel Wilson တို့လိုသရုပ်ဆောင်မင်းသမီးတွေပါတယ်ဆိုတော့ကြည့်လို့ပျော်မှာ အသေအချာပါပဲဗျာ။ ဒီကားလေးက လူငယ်တွေရဲ့အချစ်ရေးအချစ်ရာအကြောင်းတွေကိုဟာသလေးနှောပြီး ပေးချင်တဲ့မက်ဆေ့ခ်ျကို ထိထိမိမိရိုက်ပြထားတာဖြစ်လို့ သေချာပေါက် ကြည့်ကိုကြည့်သင့်ပါတယ်။ အဲလစ်နဲ့ ဂျော့ရှ်ကမြင်မြင်ချင်းမှာပဲချစ်မိသွားကြပြီးအတူတူနေလာခဲ့တာ လေးနှစ်ရှိသွားပါပြီ။ လေးနှစ်ကြာ ဆက်ဆံရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်အဲလစ်တစ်ယောက်သူ့ကိုယ်ပိုင်ဘဝကိုပြန်ရှာချင်တာရယ်သူ့လက်ကျန်တစ်ဘဝလုံး ဂျော့ရှ်နဲ့ပဲ ဖြတ်သန်းချင်တာသေချာရဲ့လားဆိုတာသိရဖို့အတွက် နှစ်ယောက်သားခဏတာခွဲခွါခဲ့ကြပါတယ်။ ဒီလိုမျိုးအဲလစ်ကအလုပ်ခွင်အသစ်က စင်ဂယ်ဘဝကို ပါတီတက်ရင်း One night stand တွေနဲ့ပျော်ပျော်ပါးပါးဖြတ်သန်းနေတဲ့ရော်ဘင်တစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားတဲ့နောက်မှာဘာတွေဆက်ဖြစ်ကြမလဲ…အဲလစ်ရဲ့အစ်မတဖြစ် ဆရာဝန်ဖြစ်သူ မက်ဂ်ကတော့ချစ်သူ၊ယောက်ျား၊ ကလေး စတဲ့သံယောဇဉ်တွေကိုအယုံအကြည်မရှိတဲ့သူပါ။ တစ်ရက် လူနာရဲ့ကလေးကိုကြည့်ပေးရတဲ့နောက်မှာတော့ကလေးလိုချင်လာခဲ့ပါတယ်၊ ဒီလိုနဲ့ သုက်ပိုးအလှူရှင်တစ်ယောက်ဆီကသုက်ပိုးအလှူခံပြီး လိင်မဲ့ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။တစ်သက်လုံး သံယောဇဥ်ဆိုတာအလကားပဲလို့ဟစ်ကြွေးလာတဲ့ မက်ဂ်တစ်ယောက် ဘာတွေပြောင်းလဲလာမလဲ… အပျိုကြီးလူစီတစ်ယောက်ကတော့သူနေတဲ့တိုက်ခန်းမှာ လိုင်းမကောင်းလို့ အိမ်နားကဘားတစ်ခုမှာ လာထိုင်ရင်းဝိုင်ဖိုင်လာသုံးတတ်ပါတယ်၊ ရွယ်တူသူငယ်ချင်းတွေကမင်္ဂလာဆောင်နေချိန်မှာ အခုချိန်အထိချစ်သူရည်းစားအတည်တကျမရနိုင်သေးတဲ့လူစီတစ်ယောက်ဘယ်လိုလူတွေနဲ့တွေ့ကြုံရပြီးဘယ်လိုမျိုးဘဝအပြောင်းအလဲတွေဖြစ်သွားမလဲ… ***လူငယ်တွေကြားထဲက ဆက်ဆံရေးတွေအကြောင်းရိုက်ထားတာဖြစ်လို့တချို့အခန်းတွေက R-ratedဖြစ်ပါတယ်မိသားစုနဲ့အတူတူ မကြည့်သင့်ပါဘူး