Onyx the Fortuitous and the Talisman of Souls HD

Onyx the Fortuitous and the Talisman of Souls

Comedy Horror HD 2023-10-19 5 110 Min

အခုနှစ်စပိုင်းလေးမှ ထွက်လာတဲ့ကားလေးပါ။ Comedy Horror အမျိုးအစားဆိုတော့ စိတ်အပန်းဖြေ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ကားလေးပါပဲ။အော့နစ်ကတော့ Fast Food ဆိုင် မိ့(တ်)လုဖ်မှာအလုပ်လုပ်ပြီး ဒီအသက်အရွယ်အထိ အပေါင်းအသင်းမရှိတဲ့အပြင် အမေ့အိမ်မှာကပ်နေရတဲ့ လူပျိုရည်မပျက်သေးတဲ့အရှုံးသမားလို့ပြောလို့ရတဲ့သူမျိုးပါ။ သူ့ရဲ့ Idol ကလည်း ဘားတော့ဆိုတဲ့အောက်လမ်းဆရာလို မှော်ဆရာလိုလိုလူပါတဲ့။ တစ်ရက်တော့ ဘားတော့က မသေမျိုးဘ၀ကိုရဖို့ နတ်ဆိုးအစီအရင်လုပ်ဖို့အတွက် နောက်လိုက်ငါးယောက်ရွေးတော့ အော့နစ်ပါသွားပြီးဘားတော့ရဲ့စံအိမ်ကိုရောက်သွားပါတယ်။‌ဒါပေမဲ့ ဘားတော့ရဲ့အစီအရင်က ထင်သလောက်မရိုးရှင်းတဲ့အခါ အော့နစ်နဲ့ သူ့အပေါင်းအပါတစ်သိုက် အစီအရင်အကြောင်းစုံစမ်းပုံတွေကိုဟာသပေါင်းများစွာနဲ့တကွ ကြည့်ရှုရမှာပါ။