First Knight HD

First Knight

Action Drama Adventure Romance HD 1995-07-07 6.063 134 Min

ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်းမြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် အာသာရဲ့ The Round Table ကနေ နှုတ်ထွက်သွားတဲ့ မယ်လဂန့်ဆိုသူရဲ့ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း လန်းစလော့ဆိုတဲ့ ခြေသလုံးအိမ်တိုင်ဓားရေးကျွမ်းကျင်သူတစ်ယောက်ဟာ ဂွီနဗီးယားနဲ့ အမှတ်မထင်တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲဘုရင်ကြီးအာသာတစ်ယောက် နောက်ဆုံးမှာသူ့အချစ်အိပ်မက်ကိုအကောင်အထည်ဖော်သွားနိုင်မှာလား… ဂွီးနဗီးယားနဲ့ လန်းစလော့တို့အချစ်ဇာတ်လမ်းကရော ဘယ်လိုတွေဆက်ဖြစ်လာမလဲ… ဒါ့အပြင်တစ်ချိန်ကအတွင်းလူဖြစ်ခဲ့တဲ့မယ်လဂန့်ကရော ဒီလိုဖြစ်နေတဲ့အခြေအနေတွေအပေါ် ဘယ်လိုအခွင့်ကောင်းယူသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ အပြည့်အဝရှုမြင်ရမှာပဲဖြစ်ပါတယ်။