Stunning Bodyguard FHD

Stunning Bodyguard

Unknown FHD 2017-12-30 8.3 68 Min

ရှန်ဟိုင်းဂျက်မကားကောင်းလေးတစ်ကား CMကနေတင်ဆက်ပေးလိုက်ပါတယ်။အင်အားစုတွေအများကြီးကွဲနေပြီး ဘိန်းကြီးစိုးနေတဲ့ခေတ်ပျက်ကြီးမှာဆေးပညာပါရမီရှင်လူငယ်လေးတစ်ယောက်ရှိပါတယ်။ဒီလူငယ်လေးဟာ အကိုက်အခဲပျောက်ဆေးတီထွင်ဖို့ကြိုးစားနေပါတယ်။မသမာသူတွေက သူ့ဆေးရဲ့ဖော်မြူလာကို နည်းနည်းပြုပြင်လိုက်ရင်ဘိန်းအစားထိုးလို့ရမယ့် မူးယစ်ဆေးတစ်ခုကိုဖော်စပ်လို့ရတယ်ဆိုတာသိသွားတဲ့အချိန်မှာ ပါရမီရှင်လေးနဲ့ သူ့ရဲ့ဆေးဖော်မြူလာကိုလုယူဖို့ကြိုးစားပါတော့တယ်။အလင်းအမှောင်အဖွဲ့အစည်းနှစ်မျိုးလုံးကဒီဆေးကိုတပ်မက်နေပြီးတော့ပြေးစရာမြေမရှိဖြစ်နေတဲ့အချိန်မှာ ဂျက်မ(၃)ယောက်ဟာတရားသောဘက်ကနေပြီး အစွမ်းကုန် ပါဝင်တိုက်ခိုက်သွားပါတယ်။လောကကြီးကိုဒုက္ခပေးမယ့် မူးယစ်ဆေးထုတ်ဖော်ရေးကိုတားနိုင်ဖို့အတွက် ဘာတွေပေးဆပ်လိုက်ရမလဲ……လောကကြီးကို မူးယစ်ဆေးရန်ကနေတကယ်ကယ်တင်နိုင်ပါ့မလား……